မန္တလေးတိုင်းဒေသကြီး

စဉ့်ကူးမြို့၌ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေး အသိပညာပေး

မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့တွင် နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့ ”ဟူသော ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေး သီတင်းပတ်ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေးနှိုးဆော်သည့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက မန္တလေး-စဉ့်ကူး-ရွှေဘို ကားလမ်းဆုံတွင် ဆောင်ရွက်သည်။

ကျောက်ပန်းတောင်းမြို့နယ် ဌာနဆိုင်ရာ အဆောက်အဦများနှင့် ဌာနပိုင်ပရိဘောဂပစ္စည်းများ မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက် 

မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး၏ လမ်းညွှန်မှာကြားချက်နှင့်အညီ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည်၊ အစိုးရဌာနဆိုင်ရာ အဆောက်အဦများနှင့် ဌာနပိုင်စက်ပစ္စည်းများ၊ ပရိဘောဂပစ္စည်းများ မီးလောင် ပျက်စီး ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက်၊ မီးဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားမှုအခြေအနေများကို မေ ၁၈ ရက် နံနက် ၁၀ နာရီက စက်မှုလယ်ယာဦးစီးဌာန၊ ဆည်ပေါက်စိုက်ပျိုးရေးခြံ၊ စရင်းစစ်ဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနရုံးများ အား ကွင်းဆင်း စစ်ဆေး ပညာ‌ပေးခြင်းများ ဆောင်ရွက်သည်။

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မန္တလေးတိုင်းဒေသကြီးရှိ စက်ရုံများအား ကွင်းဆင်းစစ်ဆေး  

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ယနေ့နံနက်ပိုင်းတွင် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့ရှိ Ayeyarwaddy Success Centure Foods Co., Ltd၏ မားမားခေါက်ဆွဲခြောက် စက်ရုံနှင့်မိတ္ထီလာမြို့ စက်မှုဇုန်ရှိ ချန်းကျန်အထည်ချုပ်စက်ရုံတို့ကို သွားရောက်၍ အာမခံအလုပ်သမား (၁၅၃၁)ဦးအား ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit) ဖြင့် ကွင်းဆင်းဆေးကုသဆောင်ရွက်ပေးမှု အခြေအနေများကို သွားရောက်ကြည့်ရှု၍ အာမခံအလုပ်သမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးသည်။

မိတ္ထီလာမြို့၌ ကျောင်းအပ်နှံရေး ရက်သတ္တပတ်လှုပ်ရှားမှု အသိပညာပေးကမ်ပိန်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ကျောင်းအပ်နှံရေးရက်သတ္တပတ်လှုပ်ရှားမှု အသိပညာပေး ကမ်ပိန်းကို ယနေ့နံနက် ၈ နာရီက အထက(၁) ပညာရေးစုံခန်းမရှေ့နှင့် မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းမအနီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့အထိမ်းအမှတ် ပုဂံရှေးဟောင်းသုတေသနပြတိုက်တွင် ပြပွဲများဖြင့်ကျင်းပ

ကမ္ဘာတစ်ဝန်းလုံးရှိ ပြတိုက်များ တစ်စုတစ်စည်းတည်း ပူးပေါင်းဆောင်ရွက်၍ ယဉ်ကျေး မှု ဖလှယ်ခြင်း၊ ယဉ်ကျေးမှုဆိုင်ရာများကို လူထုအကြား အပြန်အလှန်နားလည်မှု၊ ပူးပေါင်း ဆောင်ရွက်မှု ငြိမ်းချမ်းမှုတို့ကို အများသတိပြုမိကြစေရန်အတွက် ၁၉၇၇ ခုနှစ်မှစတင်၍ အပြည်ပြည်ဆိုင်ရာပြတိုက်များကောင်စီ(ICOM)က မေ(၁၈)ရက်ကို ‘‘အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့’’အဖြစ် သတ်မှတ်ခဲ့ပြီး နှစ်စဉ်ကျင်းပခဲ့ရာ ၂၀၂၆ ခုနှစ် မေ၁၈ရက်တွင် (၄၉)ကြိမ် ပြည့်မြောက်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။ ယခုနှစ် ဆောင်ပုဒ်အဖြစ် ‘‘ ကွဲပြား ခြားနားကမ္ဘာကြီးအား ပေါင်းစည်းပေးသောပြတိုက်များ ’’ ဟု အဓိပ္ပါယ်ဖွင့်ဆိုထားသည်။

အမရပူရမြို့နယ်၌ အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် နွေသီးနှံစိုက်တောင်သူများအား ကွင်းသရုပ်ပြပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်၌ စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနက အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် ယမနနေ့နံနက်ပိုင်းက အမရပူရမြို့နယ် တောတွင်ကျေးရွာအုပ်စု၌ (စပါး၊ နှမ်း၊ ပဲတီစိမ်း) စိုက်ပျိုးတောင်သူများအားပန်းတိုင်အထွက်နှုန်းရရှိရေးနှင့်သဘာဝမြေဩဇာ၊သဘာဝပိုးနှင်ဆေးပြုလုပ်သုံးစွဲခြင်းတောင်သူဆွေးနွေးပွဲ  လက်တွေ့ကွင်းသရုပ်ပြပွဲကို ပြုလုပ်သည်။

တောင်သာမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး

မန္တလေးတိုင်းဒေသကြီး တောင်သာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်ပြဘုတ်များကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၁)ရပ်ကွက်အတွင်းရှိ ကိုယ်ပိုင်အ.လ.ကကျောင်း၌ကျင်းပသည်။

မဟာအောင်မြေမြို့နယ်၌ ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲ ကျင်းပ

‎မန္တ‌လေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မြတောင်ကျောင်းတိုက်အတွင်း ရာပြည့်ဗိမာန်တော်ကြီး၌ ယနေ့မွန်းလွဲပိုင်းက ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲ ကျင်းပသည်။

စဉ့်ကူးမြို့ ဖွံ့ဖြိုးတိုးတက်ရေး ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် စဉ့်ကူးမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

မြစ်သားမြို့နယ်၌ ကျန်းမာရေးအသိပညာပေး‌ဟောပြောခြင်း၊ ကိုယ်ဝန်‌ဆောင်မိခင်များကို အားဆေးပေးဝေခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်

မန္တလေးတိုင်းဒသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုယ်ဝန်‌ဆောင်မိခင်များကျန်းမာ​ရေးအထူး​ကောင်းမွန်ပြီး​မွေးဖွားသည့်က​လေးငယ်များ ကျန်းမာသန်စွမ်း​ပြီး ဉာဏ်ရည်​ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ ကျန်းမာရေးအသိပညာပေးဟော ပြောခြင်း၊ ကိုယ်ဝန်ဆောင်အားဆေးပေးဝေခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို မေ ၁၈ ရက်နံနက် ၁၀ နာရီက မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် စစ်‌ဆေးဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး