မန္တလေးတိုင်းဒေသကြီး

ငါန်းဇွန်မြို့ အမှတ်(၄) အခြေခံပညာမူလတန်းကျောင်းတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်/ သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ်(၄) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်/ သုတရသ စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးနှင့် ပန်းချီပြိုင်ပွဲကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းတွင် ယနေ့ နံနက် (၉)နာရီ အချိန်က ကျင်းပခဲ့ရာ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသား/ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၊ အ.ထ.က(ခွဲ) လ-၂၉ ကျောင်းတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အ.ထ.က(ခွဲ) လ-၂၉ ကျောင်း၌ ယနေ့ နံနက် ၁၀ နာရီက (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အထက်တန်းအဆင့်နှင် အလယ်တန်း အဆင့် စာစီစာကုံးပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းမှတ်အကြို အသိပညာ ပေးဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် အမှတ် (၆) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက်ပိုင်းက (၇၈) နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းမှတ်အကြို အသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။

ကျောက်ဆည်မြို့တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့မွန်းလွဲပိုင်းက (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နည်းပညာတက္ကသိုလ်(ကျောက်ဆည်)တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ နည်းပညာတက္ကသိုလ်( ကျောက်ဆည်)တွင် ခရိုင်ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနနှင့် အမှတ်(၉၂)ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံး (ကျောက်ဆည်)မြို့တို့ ပူးပေါင်းပြီး ယမန်နေ့မွန်းလွဲ(၁)နာရီက အောင်ဆန်းခန်းမတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆုတောင်းပြည့်မဟာရွှေသိမ်တော်ဘုရားတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဖြစ်သည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန့်နေ့နံနက်ပိုင်းက ဆုတောင်းပြည့်မဟာရွှေသိမ်တော်ဘုရားကြီးတွင် စုပေါင်းအမှိုက်လှဲခြင်းလုပ်ငန်း၊ ပြည်သူ့အကျိုးပြုအဖြစ် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပရိယတ္တိသာသနဟိတအသင်း သာမဏေကျော် စာအောင်လက်မှတ်ဆက်ကပ်ပွဲ အခမ်းအနားကျင်းပ

ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက်၊ ၃၄၃၅ လမ်းကြား၊ ၈၅ လမ်းရှိ  ပရိယတ္တိသာသနဟိတအသင်း၊ ဗိမာန်တော်တွင် အဆိုပါအသင်း၏ (၇၄)ကြိမ်မြောက် သာသနာလင်္ကာရ သာမဏေကျော် စာအောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဆည်မြို့နယ် အမှတ်(၁၀) အခြေခံပညာမူလတန်းကျောင်းတွင် စာဖတ်သည့်အလေ့ အကျင့်ကောင်းများရရှိစေရန် အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာ စောင်ပြပွဲကို ကျောက်ဆည်မြို့ အမှတ်(၁၀) အခြေခံပညာမူလတန်းကျောင်းတွင် ယမန်နေ့ နံနက်(၁၀) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အကြို မန္တလေးပညာရေးဒီဂရီကောလိပ်တွင် အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်

(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အကြို မန္တလေးပညာရေး ဒီဂရီကောလိပ်တွင် အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ (၅)ရက်နေ့နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ အဆိုပါ ဒီဂရီကောလိပ်တွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးနှင့် အားကစားပြိုင်ပွဲကျင်းပရေးကော်မတီအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ကျောင်းသား၊ ကျောင်းသူ စုစုပေါင်းအင်အား ၁၂၅၂ ဦး နှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး