မန္တလေးတိုင်းဒေသကြီး

တရားရုံးကဦးဆောင်သော စေ့စပ်ဖြေရှင်းရေးစနစ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇)၊ တတိယနှစ်မဟာဗျူဟာ လုပ်ငန်းအစီအစဉ်(၂၀၂၅)၊ မဟာဗျူဟာအစီအစဉ် ၅ . ၃ . ၁ အရ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်အား နယ်ပယ်အသီးသီးမှပုဂ္ဂိုလ်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက်ရည်ရွယ်၍ “တရားရုံးကဦးဆောင်သော စေ့စပ်ဖြေရှင်းရေးစနစ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲ” ကို ယမန်နေ့နံနက် ၁၀ နာရီက မန္တလေး၊ မဟာအောင်မြေမြို့နယ်ရှိ၊ မန္တလေးတက္ကသိုလ်၊ ဥပဒေပညာဌာန၊ Multi- room တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် လူငယ်များအသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေကြည်မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို အခြေခံပညာမူလတန်း၊ ရေတံခွန်ကျောင်း၌ ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ပျော်ဘွယ်မြို့၊ မှန်နန်းဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပွဲ ကျင်းပ

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိ ပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ရှမ်းပွဲရပ်ကွက်ရှိ မှန်နန်းဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကျင်းပသည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးထုတ်လုပ်ခြင်းဆောင်ရွက်ရန် ဝယ်ယူ၊ ကြိတ်ခွဲ၊ တင်ပို့သူအစုအဖွဲ့၊ သွင်းအားစုအဖွဲ့၊ တောင်သူအစုအဖွဲ့တို့ သဘောတူစာချုပ်ချုပ်ဆိုပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၀)နာရီက တောင်သူများလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးထုတ်လုပ်ခြင်းဆောင်ရွက်ရန် ဝယ်ယူ၊ ကြိတ်ခွဲ၊ တင်ပို့သူအစုအဖွဲ့၊ သွင်းအားစုအဖွဲ့၊ တောင်သူအစုအဖွဲ့တို့ သဘောတူစာချုပ်ချုပ်ဆိုပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန (အထက်မြန်မာပြည်) ပုံနှိပ်စက်ရုံတွင်  မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောခြင်းနှင့် ရှေးဦးမီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနသည် အောင်ပင်လယ်ရပ်ကွက် (၄၈)လမ်းရှိ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန (အထက်မြန်မာပြည်) ပုံနှိပ်စက်ရုံရှိ၀န်ထမ်းများအား မီးဘေးအန္တရာယ် ဖြစ်ပွားမှုမရှိစေရေးအတွက် မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး‌ဟောပြောခြင်းနှင့်ရှေးဦး မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြမှုများအား ယနေ့နံနက်ပိုင်းက  ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျောင်းစာကြည့်တိုက်များနှင့် ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံစာကြည့်တိုက်ပညာသင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကိုရည်ရွယ်၍ အခြေခံစာကြည့်တိုက်ပညာ ရက်တိုသင်တန်းကို ယနေ့နံနက်(၉)နာရီက ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်၌ မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်၌ မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းများကို ဖေဖော်ဝါရီ ၄ ရက်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝမ်းတွင်းမြို့နယ်ဦးစီးဌာနမှူး ဦးစိုးမင်းထံက သိရသည်။    

စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲနှင့် ပြိုင်ပွဲနှင့်များ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ အသိပညာဗဟုသုတနှင့် ပြည့်စုံ၍ ထူးချွန်ထက်မြက်သူလေးများ ဖြစ်ပေါ်လာစေရန်၊ စာကြည့်တိုက်ကို အသုံးပြုတတ်‌ပြီး စာပေလေ့လာဖတ်ရှုသည့် အလေ့အထများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့်ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ရှိ ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကဗျာရွတ်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲ နှင့်နံရံကပ်စာစောင်ပြပွဲများ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကဗျာရွတ်ပြိုင်ပွဲ၊ စာအုပ်ပြပွဲ နှင့် နံရံကပ်စာစောင်ပြပွဲများပြုလုပ်ခြင်းကို ယမန့်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်းကွန်ကရစ်လမ်းဖွင့်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် (၇၈)နှစ်မြောက်  ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီးမံကိန်း (VDP) ဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်း ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က မုန်တိုင်ကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး