ကျောက်ဆည်မြို့နယ် ကြောင်ပန်းကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ steel structure ကျောင်းဆောင်အသစ်တစ်ဆောင် ဆောက်လုပ်ပေး
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်တွင် ကြောင်ပန်းကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး Steel Structure ကျောင်းဆောင်အသစ် တစ်ဆောင် ဆောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။