တောင်သာမြို့တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့်အလေးပြုပွဲအခမ်းအနား ကျင်းပ

တောင်သာ ဖေဖော်ဝါရီ၁၃

တောင်သာမြို့၊ အမှတ် (ရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရုံးဝန်း၌ ၂၀၂၅ ခုနှစ်၊ (၇၈နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားကို ဖေဖော်ဝါရီလ (၁၂) ရက်၊ နံနက် ၅နာရီခွဲ အချိန်တွင် နိုင်ငံတော်အလံအလေးပြုခြင်းနှင့် နံနက်၇နာရီအချိန်တွင် သဝဏ်လွှာဖတ်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်အလံကို အလေးပြုရန်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဦးဆောင်ဆောင်ရွက်ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်သူရက ဖတ်ကြားခဲ့သည်။ ပြည်ထောင် စုသမ္မတ မြန်မာနိုင်ငံတော်အလံကို လွင့်တင်ပြီး တက်ရောက်သူများမှ နိုင်ငံတော်အလံကို အလေးပြုခဲ့ကြသည်။

အခမ်းအနားသို့ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများနှင့်တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ပြီး (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အခြေခံပညာကျောင်းများမှ အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင်ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်သူရနှင့်အဖွဲ့ဝင်များက ဆုများ အသီးသီးပေးအပ်ခဲ့ပြီး စုစုပေါင်း အင်အား (၁၆၃) ဉီး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)