သာစည်မြို့နယ်၌ ဦးတည်အုပ်စုများအား ငှက်ဖျားရောဂါ ကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့်ပတ်သက်၍ အသိပေးဆွေးနွေးပွဲပြုလုပ်ပြီး အခြေခံကျန်းမာရေးဝန်ထမ်းများအား သင်တန်းပို့ချ
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ဦးတည်အုပ်စုများအား ငှက်ဖျားရောဂါ ကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့်ပတ်သက်၍ အသိပေးဆွေးနွေးပွဲပြုလုပ်ပြီး အခြေခံကျန်းမာရေးဝန်ထမ်းများအားသင်တန်းပို့ချခြင်းကို မတ် ၂၀ ရက်နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။