မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံဝန်ထမ်းများအား ပင်စင်လစာငွေများ လစဉ်ပုံမှန်ထုတ်ပေး

မြစ်သား မတ်၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် မတ်လအတွက် ပင်စင်လစာငွေများကို ယနေ့နံနက်(၇)နာရီအချိန်ကစတင်၍ ထုတ်ပေးလျက်ရှိရာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ပင်စင်လစာလာရောက်ထုတ်ယူရာတွင် အခက်အခဲမရှိ လွယ်ကူအဆင်ပြေစွာ ထုတ်ယူနိုင်ရန်အတွက် ဘဏ်ဝန်ထမ်းများက စီစဥ်ဆောင်ရွက်ပေးလျက်ရှိသည်။

မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်စားဝန်ထမ်းများကို နေ့စဥ်တုံကင်ထပ်စနစ်ဖြင့် သတ်မှတ်၍  လစဉ်ပုံမှန်ရုံးဖွင့်ရက် (၂၁) ရက်နေ့မှ၍ နေ့စဉ်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း ဘဏ်ဖွင့်ချိန်တွင် အငြိမ်းစားပင်စင်စားများ လာရောက်ထုတ်ယူလျက်ရှိကြောင်း၊ ပင်စင်လစာငွေ များထုတ်ယူရာတွင် ပင်စင်စားဝန်ထမ်းများအနေဖြင့် ကိုယ်တိုင်သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုး‌ကြောင့် ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့် ၎င်းတို့ မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားလာရောက်ထုတ်ယူနိုင်ကြောင်း  မြန်မာ့စီးပွားရေးဘဏ်တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝါဝါမြင့်(ပြန်/ဆက်)