မြစ်သားမြို့နယ် ကူမဲမြို့အတွင်းရှိ ဘိလပ်မြေရောင်းသည့်ဆိုင်များကို ရောင်းဈေးနှင့် ပင်ရင်းဝယ်သည့်ဈေးများအား သိရှိနိုင်ရေးအတွက်လိုက်လံစစ်ဆေးဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်ကူမဲမြို့အတွင်းရှိ ဘိလပ်မြေရောင်းသည့်ဆိုင်များအား ရောင်းဈေးနှင့်ပင်ရင်းဝယ်သည့် ဈေးများသိရှိနိုင်ရေးအတွက် လိုက်လံစစ်ဆေးဆောင်ရွက်ပေးခြင်းကို ကူမဲမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက်(၉)နာရီအချိန်က လိုက်လံစစ်ဆေးခဲ့သည်။