မြစ်သားမြို့နယ် ကူမဲမြို့အတွင်းရှိ  ဘိလပ်မြေရောင်းသည့်ဆိုင်များကို ရောင်းဈေးနှင့် ပင်ရင်းဝယ်သည့်ဈေးများအား သိရှိနိုင်ရေးအတွက်လိုက်လံစစ်ဆေးဆောင်ရွက်

မြစ်သား ဧပြီ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်ကူမဲမြို့အတွင်းရှိ ဘိလပ်မြေရောင်းသည့်ဆိုင်များအား ရောင်းဈေးနှင့်ပင်ရင်းဝယ်သည့် ဈေးများသိရှိနိုင်ရေးအတွက် လိုက်လံစစ်ဆေးဆောင်ရွက်ပေးခြင်းကို ကူမဲမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ခရိုင်စားသုံး သူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက်(၉)နာရီအချိန်က လိုက်လံစစ်ဆေးခဲ့သည်။

ထိုသို့ ဘိလပ်မြေအရောင်းဆိုင်များစစ်ဆေးရာတွင် ကူမဲမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဇော်၊ ခရိုင်စားသုံး သူရေးရာဦးစီးဌာနမှ မြစ်သားမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူးဒေါ်မော်မော်အောင်နှင့်ဝန်ထမ်းများ၊ (ကူမဲ)မှ ဒုစခန်းမှူး ဒုရဲအုပ်အောင်ဇော်ဇော်နှင့်တပ်ဖွဲ့ဝင်များ၊ ကူမဲမြို့စည်ပင်သာယာရေးစျေးတာဝန်ခံ ဒုတိယဦးစီးမှူးဦးအေးမင်းထိုက်နှင့်တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ကူမဲမြို့အတွင်းရှိ  ဘိလပ်မြေရောင်းသည့်ဆိုင်များအား ရောင်းဈေးနှင့် ပင်ရင်းဝယ်သည့် ဈေးများအား သိရှိနိုင်ရေးအတွက် လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ပြီးလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)