မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက်၌ အခြေခံစားသောက်ကုန်များကို အထူးသက်သာစျေးနှုန်းဖြင့် ရောင်းချပေး
မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၅၈လမ်း၊၃၉နှင့် ၄၀လမ်းကြားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဥ်ဖြင့် မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီစျေးနှင့်သားသတ်ဌာနမှူး ဦးပြည်ဝင်း ဦးစီးသည့် ဝန်ထမ်း(၂၀)ဦးခန့်မှ ပြည်သူများအတွက် အခြေခံစားသောက်ကုန်များအား ယနေ့နံနက်ပိုင်းက သက်သာသောနှုန်းထားများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။