မန္တလေးတိုင်းဒေသကြီး

ကျောက်ပန်းတောင်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အသိပညာပေး ဟောပြောပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်ခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က (၁)၊ အ.ထ.က(၂)၊လေးရွာအထက်တန်းကျောင်းတို့၌ ပြုလုပ်ခဲ့သည်။

ဝါသီးနှံသုတေသနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ(လွန်ကျော်)၌ ဝါသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူပညာပေးကွင်းသရုပ်ပြပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ မြစ်သားမြို့နယ်၊ စဉ့်ကိုင်မြို့နယ်၊ တံတားဦးမြို့နယ်များရှိ တောင်သူများ ဝါသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူပညာပေးကွင်း သရုပ်ပြပွဲကို ယမန့်နေ့နံနက်ပိုင်းက ကျောက်ဆည်မြို့နယ် ဝါသီးနှံသုတေသနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ (လွန်ကျော်)၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ခရိုင်အဆင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် ခရိုင်အဆင့်သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီက ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးရှိ အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များ  တက်ရောက်ကြကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝမ်းတွင်းမြို့နယ်ရုံးမှ ဦးဆောင်၍ အခြေခံပညာအထက်တန်းကျောင်း(သဲတော)၊ အခြေခံပညာအထက်တန်းကျောင်း(ဝမ်းတွင်း)တို့တွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။

​စဉ့်ကိုင်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ(အခမဲ့)ဝေငှ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ  ကျောင်းသား၊ ကျောင်းသူများ မူးယစ်အန္တရာယ်နှင့်ပတ်သက်သည့် ဆိုးကျိုးများကို သိရှိစေရန်နှင့်မူးယစ်ဆေးဝါးသုံးစွဲမှု မရှိစေရေးတို့ကိုရည်ရွယ်ကာ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့‌မွန်းလွဲပိုင်းက အခြေခံပညာကျောင်းများသို့ (အခမဲ့) ဝေငှခဲ့သည်။

ကျောက်ဆည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဆောင်းဆီထွက်သီးနှံမျိုးစုံ(၁၅၇၁၁)ဧကစိုက်ပျိုးခဲ့ပြီး (၂၄၆၂၅၀)တင်းထွက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌  ၂၀၂၄-၂၀၂၅ခုနှစ်တွင် ဆောင်းဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ သီးနှံမျိုးစုံ (၁၅၇၁၁)ဧက စိုက်ပျိုးခဲ့ပြီး (၂၄၆၂၅၀)တင်းထွက်ရှိကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

မြစ်သားမြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော‌ရောဂါ (OCV) ကာကွယ်ဆေးကို မြစ်သား ဘိုးဘွားရိပ်သာမှအဘိုး၊ အဘွားများကို တတိယအကြိမ် ဆက်လက်တိုက်ကျွေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့်  မြစ်သားဘိုးဘွားရိပ်သာမှ အဘိုး၊ အဘွား များကို တတိယအကြိမ် ဆက်လက်တိုက်ကျွေးခြင်းလုပ်ငန်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဘုန်းမြတ်ကိုနှင့် ကျန်းမာရေးဝန်ထမ်းများက ဦးဆောင်ကာပြင်းထန်ဝမ်း ပျက်ဝမ်းလျှော‌ရောဂါ (OCV) ကာကွယ်ဆေးကို မြစ်သားဘိုးဘွားရိပ်သာတွင် ယ‌မန်နေ့နံနက်ပိုင်းက တိုက်ကျွေးခဲ့ကြောင်း သိရသည်။

စားရေရိက္ခာဖူလုံရေးအတွက် စပါးပန်းတိုင်အထွက်နှုန်းရရှိရေး မျိုး၊ ရေ၊ မြေ၊ နည်း ဟန်ချက်ညီစွာဖြင့် စိုက်ပျိုးမှုတိုးတက်အောင် ကြိုးပမ်း ဆောင်ရွက်နေ

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စပါးစိုက်ပျိုးသော ယာမြေများအား စပါးစိုက်လယ်မြေအဖြစ် ပြောင်းလဲဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်၂၅ရက် ညနေပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များ တက်ရောက်သည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က စပါးစိုက်ပျိုးသော ယာမြေများအား မိုးကောင်းသောက် လယ်မြေအဖြစ် ပြောင်းလဲ ဆောင်ရွက်နိုင်ခြင်းဖြင့် စိုက်ပျိုးတောင်သူများအတွက် အကျိုးဖြစ်ထွန်းသလို စားရေရိက္ခာဖူလုံရေး အတွက် ပန်းတိုင်အထွက်နှုန်းပြည့်မီရေးတွင် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်းပြောကြားသည်။

ဒေသအလိုက် ပြည်တွင်းထွက် ကုန်ကြမ်း ပစ္စည်းများကို တန်ဖိုးမြှင့်ထုတ်လုပ်ပြီး ပြည်ပပို့ကုန်ပိုမိုတိုးမြှင့် ထုတ်လုပ်သွားနိုင်ရေး ကြိုးပမ်းကြရမည်

မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၃/၂၀၂၅)အစည်းအဝေးကို ဇွန်၂၅ရက် မွန်းလွဲပိုင်းက  တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် နှင့်  အဖွဲ့ဝင်များ တက်ရောက်ကြသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသအလိုက် ပြည်တွင်းထွက် ကုန်ကြမ်း ပစ္စည်းများကို တန်ဖိုးမြှင့်ထုတ်လုပ်ပြီး ပြည်ပပို့ကုန်ပိုမိုတိုးမြှင့် ထုတ်လုပ်သွားနိုင်ရေး ကြိုးပမ်း ကြရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။

ခရိုင်အဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ အစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် ခရိုင်အဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီအစည်းအဝေးကို ယနေ့နံနက် (၉) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး