မြစ်သားမြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော‌ရောဂါ (OCV) ကာကွယ်ဆေးကို မြစ်သား ဘိုးဘွားရိပ်သာမှအဘိုး၊ အဘွားများကို တတိယအကြိမ် ဆက်လက်တိုက်ကျွေး

မြစ်သား ဇွန် ၂၆                 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့်  မြစ်သားဘိုးဘွားရိပ်သာမှ အဘိုး၊ အဘွား များကို တတိယအကြိမ် ဆက်လက်တိုက်ကျွေးခြင်းလုပ်ငန်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဘုန်းမြတ်ကိုနှင့် ကျန်းမာရေးဝန်ထမ်းများက ဦးဆောင်ကာပြင်းထန်ဝမ်းပျက်ဝမ်းလျှော‌ရောဂါ (OCV) ကာကွယ်ဆေးကို မြစ်သားဘိုးဘွားရိပ်သာတွင် ယ‌မန်နေ့နံနက်ပိုင်းက တိုက်ကျွေးခဲ့ကြောင်း သိရသည်။

ထို့နောက် ကာကွယ်ဆေးတိုက်ကျွေးနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်း‌အောင်နှင့်တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဘုန်းမြတ်ကိုနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများကလိုက်လံ ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့‌ကြောင်း သိရသည်။ ဆက်လက်၍ ကျန်းမာရေးဝန်ထမ်းများက မြစ်သားဘိုးဘွားရိပ်သာမှ အဘိုး၊ အဘွား (၃၅) ဦးကို တတိယအကြိမ် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော‌ရောဂါ (OCV) ကာကွယ်ဆေးတိုက်ကျွေးပေးခဲ့ကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝါဝါမြင့်(မြစ်သား)