ကျောက်ဆည်မြို့နယ်၌ ကန်ထရိုက်လယ်ယာစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး တောင်သူများနှင့် တွေ့ဆုံပွဲကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ကန်ထရိုက်လယ်ယာစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး တောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို မေ ၂၁ ရက်နေ့ နံနက် ၁၀ နာရီက ငါးလုံကုန်းကျေးရွာရှိ ကျေးရွာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။