အငြိမ်းစားပင်စင်စားများအား Biometric ကောက်ယူကာ Unique ID နံပါတ် ထုတ်ပေးခြင်းလုပ်ငန်းကို မြန်မာ့စီးပွားရေးဘဏ် (ပုသိမ်ကြီး) ၌ သွားရောက်ပြုလုပ်ပေး
မန္တလေးမြို့ပေါ်ရှိ မြို့နယ်အသီးသီးမှ အငြိမ်းစားပင်စင်စားများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက Biometric ကောက်ယူကာ Unique ID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီခွဲက ပုသိမ်ကြီးမြို့နယ်အတွင်းရှိ မြန်မာ့စီးပွားရေးဘဏ် (ပုသိမ်ကြီး) ၌ ပြုလုပ်ပေးခဲ့သည်။