ဇော်ဂျီမြစ်ရေလျှံတက်မှုမှ ကာကွယ်ရန် ငပြောင်ရေလွှဲဆည်အထက်ပိုင်း မြောင်းဘောင်ဝဲ/ယာ၌ ရေတားနံရံကျောက်စီခြင်းနှင့် မြစ်အတွင်းပျက်စီးနေသည့် ကျောက်ဆလံများအားပြန်လည်ပြုပြင်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ မြစ်ချောင်းများရေလျှံမှုမှကာကွယ်နိုင်ရေး၊ ရေစီးရေလာကောင်းမွန်စွာဖြင့် စိုက်ပျိုးရေများ လုံလောက်စွာပေးဝေနိုင်ရေး၊ ဆည်များ၊ မြောင်းများအား ဘဏ္ဍာနှစ်အလိုက် ပြန်လည်ပြုပြင်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ဇော်ဂျီမြစ်ရေလျှံတက်မှုမှ ကာကွယ်ရန်အတွက် ငပြောင်ရေလွှဲဆည်အထက်ပိုင်း မြောင်းဘောင်ဝဲ/ယာများ၌ ရေတားနံရံကျောက်စီခြင်းနှင့် ဇော်ဂျီမြစ်အတွင်း ပျက်စီးနေသည့် ကျောက်ဆလံများအား ပြန်လည်ပြုပြင်ပေးလျက်ရှိကြောင်း သိရသည်။