မန္တလေးတိုင်းဒေသကြီး

မတ္တရာမြို့နယ် ကန်ဖြူကျေးရွာ၌ ရက်(၁၀၀)စီမံချက်ဖြင့် မြေငှားဂရန်ထုတ်ပေးနိုင်ရေး ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် မတ္တရာမြို့နယ်တွင် ရက်(၁၀၀) စီမံချက်ဖြင့် မြေငှားဂရန်ထုတ်ပေးနိုင်အတွက် လျှောက်လွှာပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁နာရီက လက္ကောင်းကြီးကျေးရွာအုပ်စု ကန်ဖြူကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပသည်။

ကျောက်ဆည်မြို့၌ အသက်မွေးဝမ်းကျောင်း ကာလတိုသင်တန်း ဆင်းပွဲကျင်းပ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျောက်ဆည်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်)တို့ ပူးပေါင်း၍ ရက် ၁၀၀ စီမံချက်ဖြင့် ဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်းကျောင်းပညာ ကာလတိုသင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်) ဘက်စုံသုံးခန်းမတွင် ကျင်းပသည်။

ပျော်ဘွယ်မြို့နယ်၌ အမိုနီယမ်နိုက်ထရိတ်နှင့်ဆက်စပ်သည့် ဓာတ်မြေဩဇာသိုလှောင်ရုံများ မီးဘေးအန္တရာယ် ကာကွယ်ရေးစစ်ဆေး

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ သက်ဆိုင်ရာဌာနများ ပူးပေါင်းပါဝင်သောအဖွဲ့သည် စိုက်ပျိုးရေးသုံး ပစ္စည်းအရောင်းဆိုင်များမှ သိုလှောင်ထားသော အမိုနီယမ်နိုက်ထရိတ်နှင့်ဆက်စပ်သည့် ဓာတ်မြေဩဇာများ မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် စစ်ဆေးခြင်းကို မေ ၂၆ ရက် နံနက်(၁၀)နာရီခွဲက မြို့နယ်အတွင်းရှိ သိုလှောင်ရုံများသို့သွားရောက် ဆောင်ရွက်ခဲ့ကြသည်။

ကျောက်ပန်းတောင်းမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲက အစိုးရသစ်၏ ရက် (၁၀၀) ကာလအတွင်း ဆောင်ရွက်နေသော မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲကို မေ ၂၆ ရက်နေ့ နံနက် (၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမတွင် ပြုလုပ်သည်။

ကျီကွဲကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်တော်မူသော ပြည်လုံချမ်းသာရစေတီတော်မြတ်ကြီး ရွှေထီးတော်တင်မင်္ဂလာအခမ်းအနား ကျင်းပ

ကျီကွဲကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်တော်မူသော ပြည်လုံချမ်းသာရစေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တင်လှူပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေခရိုင် ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်ရှိ ကျီကွဲကျောင်းတိုက်တွင် ကျင်းပသည်။

ညောင်ဦးမြို့နယ် သူကောင်းတည်မြစ်ရေတင်ဖြင့် နွေစပါး ၅၅ ဧကစိုက်ပျိုးပြီး

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သူကောင်းတည်မြစ်ရေတင်ဖြင့် နွေစပါး ဧက ၅၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများထံက သိရသည်။

ပြည်ကြီးတံခွန်မြို့နယ် အမှတ်(၂၇) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေခရိုင် ပြည်ကြီးတံခွန်မြို့နယ် အမှတ်(၂၇) အခြေခံပညာအထက်တန်းကျောင်း အောင်တံခွန်ခန်းမ၌ ယနေ့ နံနက် ၉ နာရီက ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပသည်။

မလှိုင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကဆီထွက်သီးနှံ(နေကြာ)ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူများအား နည်းပညာပေးသင်တန်းပြုလုပ်

မန္တလေးတိုင်းဒေသကြီး  မိတ္ထီလာခရိုင်  မလှိုင်မြိုနယ်စိုက်ပျိုးရေးဦးစီးဌာနက ရက်(၁၀၀)အတွင်းဆောင်ရွက်သည့် ဆီထွက်သီးနှံ(နေကြာ) ပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် တောင်သူနည်းပညာပေးသင်တန်းကို မေ ၂၅ ရက်က ရေချိုဘူတာအုပ်စု သပြေပင်ကျေးရွာ  SMU ခန်းမ၌ ပြုလုပ်သည်။

ပြည်ကြီးတံခွန်မြို့နယ် (ခ)ရပ်ကွက်အတွင်းရှိ လူနေအိမ်များ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများအား မီးဘေးလုံခြုံရေး စစ်ဆေး  

မန္တလေးတိုင်း‌ဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် မီးလောင်မီးလန့်မှုများ မဖြစ်ပွား မပေါ်ပေါက်စေ ရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော် ကျော်ဦး ဦးဆောင်၍ (ခ)ရပ်ကွက်အတွင်းရှိ လူနေ အိမ်များအားတစ်အိမ်တက်ဆင်းစစ်ဆေးခြင်း၊ ဟိုတယ်/မိုတယ်/တည်းခိုခန်းများအား ယမန် နေ့ နံနက်ပိုင်းက စတင်၍ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းများ ပြုလုပ်သည်။    

မြစ်သားမြို့နယ် ရွှေကြာအင်းကျေးရွာ၌သင်္ဘော စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ်ကျေးလက်‌‌နေတောင်သူများသည် မြေအောက် ရေနှင့်ကင်းတားဆည်‌ရေကိုအသုံးပြုကာ မိသားစုတစ်နိုင်တစ်ပိုင်  သင်္ဘောစိုက်ခင်းများအောင်မြင်ဖြစ် ထွန်းလျက်ရှိကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး