မန္တလေးတိုင်းဒေသကြီး

ကျောက်ပန်းတောင်းမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲက အစိုးရသစ်၏ ရက် (၁၀၀) ကာလအတွင်း ဆောင်ရွက်နေသော မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲကို မေ ၂၆ ရက်နေ့ နံနက် (၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမတွင် ပြုလုပ်သည်။

ကျီကွဲကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်တော်မူသော ပြည်လုံချမ်းသာရစေတီတော်မြတ်ကြီး ရွှေထီးတော်တင်မင်္ဂလာအခမ်းအနား ကျင်းပ

ကျီကွဲကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်တော်မူသော ပြည်လုံချမ်းသာရစေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တင်လှူပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေခရိုင် ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်ရှိ ကျီကွဲကျောင်းတိုက်တွင် ကျင်းပသည်။

ညောင်ဦးမြို့နယ် သူကောင်းတည်မြစ်ရေတင်ဖြင့် နွေစပါး ၅၅ ဧကစိုက်ပျိုးပြီး

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သူကောင်းတည်မြစ်ရေတင်ဖြင့် နွေစပါး ဧက ၅၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများထံက သိရသည်။

ပြည်ကြီးတံခွန်မြို့နယ် အမှတ်(၂၇) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေခရိုင် ပြည်ကြီးတံခွန်မြို့နယ် အမှတ်(၂၇) အခြေခံပညာအထက်တန်းကျောင်း အောင်တံခွန်ခန်းမ၌ ယနေ့ နံနက် ၉ နာရီက ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပသည်။

မလှိုင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကဆီထွက်သီးနှံ(နေကြာ)ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူများအား နည်းပညာပေးသင်တန်းပြုလုပ်

မန္တလေးတိုင်းဒေသကြီး  မိတ္ထီလာခရိုင်  မလှိုင်မြိုနယ်စိုက်ပျိုးရေးဦးစီးဌာနက ရက်(၁၀၀)အတွင်းဆောင်ရွက်သည့် ဆီထွက်သီးနှံ(နေကြာ) ပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် တောင်သူနည်းပညာပေးသင်တန်းကို မေ ၂၅ ရက်က ရေချိုဘူတာအုပ်စု သပြေပင်ကျေးရွာ  SMU ခန်းမ၌ ပြုလုပ်သည်။

ပြည်ကြီးတံခွန်မြို့နယ် (ခ)ရပ်ကွက်အတွင်းရှိ လူနေအိမ်များ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများအား မီးဘေးလုံခြုံရေး စစ်ဆေး  

မန္တလေးတိုင်း‌ဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် မီးလောင်မီးလန့်မှုများ မဖြစ်ပွား မပေါ်ပေါက်စေ ရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော် ကျော်ဦး ဦးဆောင်၍ (ခ)ရပ်ကွက်အတွင်းရှိ လူနေ အိမ်များအားတစ်အိမ်တက်ဆင်းစစ်ဆေးခြင်း၊ ဟိုတယ်/မိုတယ်/တည်းခိုခန်းများအား ယမန် နေ့ နံနက်ပိုင်းက စတင်၍ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းများ ပြုလုပ်သည်။    

မြစ်သားမြို့နယ် ရွှေကြာအင်းကျေးရွာ၌သင်္ဘော စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ်ကျေးလက်‌‌နေတောင်သူများသည် မြေအောက် ရေနှင့်ကင်းတားဆည်‌ရေကိုအသုံးပြုကာ မိသားစုတစ်နိုင်တစ်ပိုင်  သင်္ဘောစိုက်ခင်းများအောင်မြင်ဖြစ် ထွန်းလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ် ရခိုင်ကြီးကျေးရွာအုပ်စု နွေနှမ်းသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေးစံပြကွက်အား တိုင်းဒေသကြီးစိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ကွင်းဆင်းကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်ရခိုင်ကြီးကျေးရွာအုပ်စု ကွင်းအမှတ် (၆၂၅)၊  တောင်သူဦးချစ်လှိုင်၏ နွေနှမ်းသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးစံပြကွက် ၁၀ ဧက စိုက်ကွင်းအား စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တိုင်းဒေသကြီးဝန်ကြီးဦးလှမျိုး၊ စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဆွေလင်းနှင့် စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထိန်တို့သည် မေ ၂၅  ရက် နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးသည်။

စဉ့်ကိုင်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် ပုဂ္ဂလိက/ကိုယ်ပိုင်ကျောင်းများအားလုံးတွင် ကျောင်းအပ်လက်ခံခြင်းများကို စတင်ဆောင်ရွက်ပေးနေပြီ ‌ဖြစ်‌ကြောင်းသိရသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် မန္တလေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးတို့ ပူးပေါင်းဆောင်ရွက်သော စစ်ဆေးရေးလုပ်ငန်းသုံး အင်ဂျင်နီယာပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်ဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် မန္တလေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးတို့ ပူးပေါင်းဆောင်ရွက်သော စစ်ဆေးရေးလုပ်ငန်းသုံး အင်ဂျင်နီယာပညာရပ်ဆိုင်ရာ အသိပညာဆွေးနွေးပွဲကို မန္တလေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး၌ မေ ၂၅ ရက် မွန်းလွဲပိုင်းက ကျင်းပသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး