ပျော်ဘွယ်မြို့နယ်တွင် မူလတန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

ပျော်ဘွယ် ဩဂုတ် ၁၈

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာမူလတန်းကျောင်း (မင်းလမ်းတောင်)တို့ပူးပေါင်း၍ မူလတန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ဩဂုတ်၁၈ရက် မွန်းလွဲ(၁)နာရီက အဆိုပါကျောင်းတွင်ကျင်းပသည်။

ယခုလိုပြိုင်ပွဲကျင်းပပေးတာက “ကျောင်းသား၊ ကျောင်းသူလေးတွေအနေနဲ့ မြို့နယ်အဆင့်ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်တတ်တဲ့ အလေ့ အကျင့်ရရှိဖို့ ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်ပေးခြင်းဖြစ်ပါတယ်” ဟု မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက ရှင်းလင်းဆွေးနွေးပြီး ပြိုင်ပွဲတွင်ဆုရကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်များပေးအပ်သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုကြသည်။

မင်းမင်းထွေး(ပျော်ဘွယ်)