မန္တလေးတိုင်းဒေသကြီး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် Yoma Mandalay Run For the Community  2025  ကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ တွေ့ဆုံတင်ပြခြင်း အခမ်းအနားသို့ တက်ရောက်

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများအား မန္တလေးမြို့တွင် Yoma Mandalay Run For the Community 2025 ကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ YOMA Group မှ တာဝန်ရှိသူများက စက်တင်ဘာ ၅ ရက်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံရှင်းလင်းတင်ပြခဲ့သည်။

နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၌ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို စက်တင်ဘာ ၅ ရက်နေ့ နံနက် (၉) နာရီခွဲက  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်တွင် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆက်လက်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (င) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို စက်တင်ဘာ ၅ ရက်နေ့ နံနက် ၁၀ နာရီက  ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ညောင်ဦးမြို့နယ် မင်းနန်သူကျေးရွာနှင့်ဖျောက်ဆိပ်ပင်ကျေးရွာတို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် အသိပညာပေးခြင်းနှင့်စမ်းသပ်မဲပေးမှု ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် ကြီးကြပ်ရေးအဖွဲ့ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ကုန်ကျစရိတ်သက်သာပြီး လွယ်ကူရိုးရှင်း၍ အချိန်ကုန်သက်သာသည့် အပြင်၊ ယုံကြည်စိတ်ချရမှု အပြည့်အဝရှိသော မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနားလည်စေရန်၊ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများကို ရပ်ကွက်/ကျေးရွာ အုပ်စုများနှင့် နယ်မြေခံတပ်နယ်များတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ၊ စက်တင်ဘာဘာ ၅ ရက်၊ နံနက် ၉ နာရီအချိန်က ကုန်းတန်းကြီးကျေးရွာအုပ်စု၊ ဖျောက်ဆိပ်ပင်ကျေးရွာနှင့်မင်နန်သူကျေးရွာတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်၊ အ.လ.က-ခွဲ (ကျောက်ဆည်) ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဗဟုသုတရရှိစေရန်ရည်ရွယ်၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ (၅) ရက်နေ့ နံနက် (၉) နာရီက အခြေခံပညာအလယ်တန်းကျောင်း(ကျောက်ဆည်)တွင် ကျင်းပသည်။

မန္တလေးတိုင်းဒေသကြီးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များမှ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ တွေ့ဆုံဆွေးနွေးရှင်းလင်းပွဲ ကျင်းပ

မန္တလေးတိုင်း‌ဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မန္တလေးတိုင်းတာဝန်ခံ ဦးသန်းအောင်ကျော်နှင့် မန္တလေးတိုင်း/ ခရိုင်/ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ၊ ကော်မရှင်အဖွဲ့ခွဲရုံးများမှ ဝန်ထမ်းများနှင့်တွေ့ဆုံပွဲအခမ်းအနားကို စက်တင်ဘာ ၅ ရက်နေ့ နံနက် ၁၀ နာရီက မန္တလေးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ချမ်းမြသာစည်မြို့နယ် အမှတ် (၃၅) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေးအတွက် လူငယ်စကားဝိုင်း ကျင်းပ

လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ အသိပညာဗဟုသုတရရှိပြီး နိုင်ငံတော်အတွက် အကျိုးပြု‌နိုင်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း‌ဆောင်ရွက်သော လူငယ်စကားဝိုင်းကို စက်တင်ဘာ ၅ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၃၀ က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ် (၃၅) အခြေခံပညာအထက်တန်းကျောင်းရှိ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဆည်မြို့နယ်တွင် ခရမ်းသီးတစ်ပိဿာ ငွေကျပ် (၁၅၀၀) ကျော် ရောင်းချရသဖြင့် ခရမ်းစိုက်တောင်သူများ အဆင်ပြေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင်  နေ့စဉ်ဝင်ငွေရရှိရေး တောင်သူတစ်ချို့သည် ဟင်းသီး၊ဟင်းရွက်သီးနှံမျိုးစုံကို နှစ်ပတ်လည်စိုက်ပျိုးရောင်းချလျက်ရှိရာ ရန်ပုံနှစ်ကျေးရွာ၌ စိုက်ပျိုးထားသည့် ခရမ်းပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး အထွက်နှုန်းကောင်းမွန်ကာ ရောင်းချရာ၌ တစ်ပိဿာငွေကျပ် (၁၅၀၀) ကျော်ဖြင့် ရောင်းချရသဖြင့် စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အား မဲဆန္ဒရှင်များအား အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင်  ပါတီစုံဒီမိုကရေစီအထွေ‌ထွေရွေးကောက်ပွဲနှင့်ပတ်သတ်၍ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သိသင့်သိထိုက်သော အချက်အလက်များနှင့် ရွေးကောက်ပွဲတွင် အသုံးပြုမည့်မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)အကြောင်း ပြည့်စုံစွာ သိရှိနိုင်ရေးနှင့်လက်တွေ့အသုံးပြုနိုင်ရန်အတွက် မဲပေးစက်ဆိုင်ရာအသိပညာပေး ရှင်းလင်းခြင်းနှင့်  လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို စက်တင်ဘာ ၄ ရက်နေ့ နံနက် ၁၀ နာရီက ကျောက်ဆည်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ် အမှတ်(၁၆) အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပ

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာချောချောစိန်နှင့် မန္တလေးမြို့အတွင်းရှိ ပညာရေးဝန်ထမ်းများ ​တွေ့ဆုံပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ် အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်း၌ စက်တင်ဘာလ (၄) ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး