ရမည်းသင်းမြို့နယ် KEC ကိုယ်ပိုင်ကျောင်း၌ စာဖတ်ဝိုင်း၊ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲ ကျင်းပ
ရမည်းသင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဗဟုသုတရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်း၊ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကို စက်တင်ဘာ ၅ ရက် နံနက် ၉ နာရီက KEC ကိုယ်ပိုင်ကျောင်းတွင် ကျင်းပသည်။