မန္တလေးတိုင်းဒေသကြီး

သာစည်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ၌  မဲဆန္ဒရှင်စာရင်းများ ပထမအကြိမ်အဖြစ်ကပ်ထားကြေညာနေမှုအား တာဝန်ရှိသူများကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် သာစည်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင် အဖွဲခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိကျေးရွာများ၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ်အဖြစ် စက်တင်ဘာ ၃၀ မှစတင်၍ ကပ်ထားကြေညာထားရှိရာ ယနေ့နံနက် ၁၁ နာရီက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။    

ကျောက်ဆည်မြို့နယ်၌ ရေတိုက်စားပျက်စီးသွားသည့် မြောင်းကူးတံတားအားပြန်လည်ပြုပြင်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် တောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး စိုက်ပျိုးရေပေး မြောင်းများနှင့် မြောင်းများပေါ်ရှိ ကုန်ထုတ်တံတားများအား ဘဏ္ဍာနှစ်အလိုက် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် လွန်ကျော်-သံရွာ ကျေးရွာအနီး ရေတိုက်စားပျက်စီးခဲ့သည့် မြောင်းကူး တံတားအား ပြန်လည်ပြုပြင်ပေးခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ်အတွင်း  မဲဆန္ဒရှင်စာရင်းများကြေညာ

မန္တလေးတိုင်းဒေသကြီး  ပြင်ဦးလွင်ခရိုင်  ပြင်ဦးလွင်မြို့နယ်အတွင်း ဒီဇင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများအား ယနေ့နံနက်ပိုင်းမှစတင်၍ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ကြော်ငြာဘုတ်များဖြင့် ကြေညာထားကြောင်းသိရသည်။

ကျောက်ဆည်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့်ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင်မဲပေးနိုင်ရန်မဲဆန္ဒရှင်စာရင်းများ ကြေညာ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်အတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင်မဲပေးနိုင်ရန်အတွက်  ယနေ့ နံနက်ပိုင်းမှစတင်၍ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများ၏ ကြော်ငြာဘုတ်များဖြင့် မဲဆန္ဒရှင်စာရင်းများ ကြေညာထားကြောင်းနှင့် မဲဆန္ဒရှင်စာရင်း ကြေညာခြင်းများကို မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌဦးထိုက်ထိုက်ဇော်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးအောင်ကိုလတ်နှင့် တာဝန်ရှိသူများမှ ကွင်းဆင်းကြီးကြပ်စစ်ဆေးခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်စာရင်းများအား ပထမအကြိမ် ထုတ်ပြန်ကြေညာ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုက‌ရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် ဆန္ဒ‌မဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများ စာရင်းကြေညာခြင်းကို စက်တင်ဘာလ (၃၀) ရက်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများ၌ ကြေညာကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (မန္တလေး) တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အတွက် လူငယ်စကားဝိုင်း ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၆၂ လမ်း၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (မန္တလေး)ရှိ ဇမ္ဗူဒီပါခန်းမတွင် လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတ ရရှိပြီး နိုင်ငံတော်အတွက် အကျိုးပြု‌နိုင်သော လူငယ်များပေါ်ထွက်လာစေရန် ရည်ရွယ်၍ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (မန္တလေး)နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော လူငယ်စကားဝိုင်းကို စက်တင်ဘာ ၃၀ ရက်နေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

မြဝတီခရိုင်တွင် ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး အ.လ.က (၂) ကျောင်းသို့ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

မြဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်ခြင်းကို အမှတ် (၂)၊ အခြေခံပညာအလယ်တန်းကျောင်း၌ စက်တင်ဘာ ၃၀ ရက်နေ့ နေ့လယ် (၁) နာရီက ဆောင်ရွက်ခဲ့သည်။

‎မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ မဟာအောင်မြေမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ပထမအကြိမ်မဲဆန္ဒရှင် စာရင်းများ ကပ်ထားကြေညာထားမှုအခြေအနေများ ကြည့်ရှုစစ်ဆေး ‎

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အတွက် ပထမအကြိမ်မဲဆန္ဒရှင်စာရင်းများကို စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက ကပ်ထားကြေညာထားရာ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦး‌ကျော်သန်းထွန်း၊ ခရိုင်‌ရွေးကောက်ပွဲ‌ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုးထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဝင်းနှင့်အဖွဲ့ဝင်များသည် သံလျှက်မှော်အရှေ့ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ ရောက်ရှိခဲ့ပြီး ပထမအကြိမ်မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရုရှား-မြန်မာချစ်ကြည်ရေးအဖြစ် လွန်ခဲ့သည့် ၅၈ နှစ်က တည်ဆောက်ခဲ့သော ကြက်မောက်တောင် ရေလှောက်တမံ ပထမဆုံးအကြိမ်အဖြစ် ရေပြည့်မှတ်ကျော်လွန်၍ ရေပိုလွှဲမှ ရေကျော်စီးဆင်း

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင်တည်ရှိသည့် ကြက်မောက်တောင်ရေ လှောင်တမံကို ရုရှား-မြန်မာ ချစ်ကြည်ရေးအဖြစ် ရုရှားပညာရှင်များနှင့် မြန်မာအင်ဂျင်နီယာများပူးပေါင်း၍ (၁၉၆၁-၁၉၆၂) ခုနှစ်တွင် စတင်တည်ဆောက်ခဲ့၍ (၁၉၆၆-၁၉၆၇) ခုနှစ်တွင် ပြီးစီးခဲ့ပြီး တည်ဆောက်ပြီးခဲ့သည့်အချိန်မှ (၅၈)နှစ်တာကာလအတွင်း တမံရေပြည့်မှတ်သို့ ရောက်ရှိခဲ့ဖူးခြင်းမရှိပဲ ယခုရက်ပိုင်း မိုးရွာသွန်းမှုများပြားသဖြင့် စက်တင်ဘာ(၂၉)ရက်နေ့တွင် တမံ၏ ရေပြည့်မှတ် F.T.L (RL-937.00)ပေကို ကျော်လွန်ရောက်ရှိခဲ့ပြီး စက်တင်ဘာ(၃၀)ရက်နေ့ နံနက်(၉)နာရီတွင် ရေပြည့်မှတ် RL-937.10 ပေသို့ရောက်ရှိခဲ့ကာ၊ တည်ဆောက်ပြီးချိန်မှ နှစ်ပေါင်း(၆၀)နီပါး (၅၈)နှစ်အတွင်း ရေလှောင်တမံ၏ ရေပိုလွှဲ Crest မှ ပထမဆုံးအကြိမ်အဖြစ် အမြင့်ပေ (၀.၁၀)ပေခန့် ရေကျော် စီးဆင်းလျက်ရှိကြောင်း သိရသည်။

မိတ္ထီလာခရိုင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မိတ္ထီလာခရိုင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၃ဝ ရက်နေ့ စက်တင်ဘာ ၃ဝ ရက်နေ့ နံနက် ၉ နာရီက မိတ္ထီလာမြို့ခရိုင် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး