မန္တလေးတိုင်းဒေသကြီး

သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းများ အကောင်အထည်ဖော်ဆောင်ရေး ဆောင်ရွက်နေသည့် လုပ်ငန်းများကွင်းဆင်းကြည့်ရှု

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး)၌ သန့်ရှင်း၍စိမ်းလန်းစိုပြေသောကျောင်းများ အကောင်အထည်ဖော်ဆောင်ရေး ခရိုင်အဆင့် လုပ်ငန်းအဖွဲ့မှ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို အောက်တိုဘာ ၁၇ ရက် နံနက် ၉ နာရီခွဲက ကွင်းဆင်းစစ်ဆေးသည်။

မန္တလေးတိုင်းဒေသကြီး စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်

မန္တလေးတိုင်းဒေသကြီး  ပြည်ကြီးတံခွန်မြို့နယ် အထက(၂၇)အခြေခံပညာအထက်တန်းကျောင်း အောင်တံခွန်ခန်းမ၌ ယမန်နေ့ မွန်းလွဲ၁နာရီက စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ဆုချီးမြှင့်ပွဲကျင်းပသည်။

ကျောက်ပန်းတောင်းမြို့၌ မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်နည်းသရုပ်ပြသ 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနက မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများကို၊ ဌာနဆိုင်ရာများနှင့် စာသင်ကျောင်းများတွင် ပုံမှန်ဆောင်ရွက်လျှက်ရှိရာ၊ အောက်တိုဘာ၁၇ရက် နံနက်(၁၀)နာရီက ပြည်တော်သာရပ်ကွက်ရှိ Leaders Of Tomorrow International School တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်အတွင်း ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာသူများအား ဆန္ဒမဲပေးခွင့်ရရှိရေးအတွက် သတ်မှတ်ပုံစံဖြင့် လျှောက်ထားနိုင်ရေး တွေ့ဆုံဆွေးနွေး

‎မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေခရိုင် မဟာအောင်မြေမြို့နယ်အတွင်း အကြောင်းအမျိုးကြောင့် ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာသူများအား ၂၀၂၅ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးခွင့်ရရှိရေးအတွက် သတ်မှတ်ပုံစံဖြင့် လျှောက်ထားနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို မဟာမြိုင်(၁)ရပ်ကွက်၊ မဟာမြိုင်ကျောင်းတိုက်ဓမ္မာရုံ၌ ယနေ့ နံနက်ပိုင်းကပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မဟာမြိုင်(၁)ရပ်ကွက်၊ မဟာမြိုင်(၂)ရပ်ကွက်နှင့် ရဲမွန်တောင် ရပ်ကွက်သို့ အကြောင်းအမျိုးကြောင့် ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ပြည်ကြီးတံခွန်မြို့နယ်၊ အ.ထ.က(၂၇) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများအား ဘင်ခရာအဖွဲ့၊ ပန်းပွားအကအဖွဲ့နှင့် Fitness Dance အကအဖွဲ့များက ကြိုဆိုကျင်းပခဲ့သည်။

ငါန်းဇွန်မြို့နယ်၌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသိန်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများ လိုက်လံကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသိန်းသည် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီဝင်များလိုက်ပါလျက်  အောက်တိုဘာ ၁၄ ရက် နံနက် (၁၀) နာရီအချိန်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများမှ မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းခွင်များအား လိုက်လံကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် တိုင်းရင်းဆေးကုဌာနမှ နယ်လှည့်ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပေတောပရဟိတအခြေခံပညာ မူလတန်းကျေင်းတွင် ကျောင်းသား၊ ကျောင်းသူများအား တိုင်းရင်းဆေး  ကုဌာနမှ နယ်လှည့်ကွင်းဆင်းကျန်းမာရေးစောင့် ရှောက်ပေးမှုကို အောက်တိုဘာ ၁၆  ရက်နေ့ နံနက်(၉)နာရီအချိန်က ကုသပေးခဲ့ကြောင်းသိရသည်။

မိတ္ထီလာမြို့နယ်အတွင်း သက်တန့်ရောင်စီမံကိန်းရန်ပုံငွေဖြင့် နို့စားနွားမွေးမြူထားရှိမှု  ကြည့်ရှုအားပေး

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် သက်တန့်ရောက်စီမံကိန်းရန်ပုံငွေဖြင့်  ပန်းတော်ဆက်၊  စက်ပစ်တောင်နှင့် သဲကုန်းကျေးရွာတို့ရှိ  အသင်းသားတောင်သူများ၏ နို့စားနွားမွေးမြူထားရှိမှု အခြေအနေအား သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူးဦမျိုးအောင်နှင့် အဖွဲ့သည် အောက်တိုဘာ ၁၄ ရက်နေက ကွင်းဆင်းကြည့်ရှုအားပေးသည်။

ပျော်ဘွယ်မြို့နယ်၊ အ.ထ.က(ကျီနီ)တွင် မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြသခြင်းကို အောက်တိုဘာလ(၁၄)ရက်၊ နံနက်(၉)နာရီက ကျီနီကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။

ပြည်ပပို့ကုန်သီးနှံ ထုတ်ကုန်များ ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ပြည်ပပို့ကုန်သီးနှံ ထုတ်ကုန်များ ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်က ကန်တော်မင်္ဂလာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး