ကျောင်းအခြေပြု အသိပညာပေးဟောပြောခြင်းနှင့် တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျောင်းအခြေပြု အသိပညာပေးဟောပြောခြင်းနှင့် တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အောက်တိုဘာ(၁၄)ရက်နေ့ နံနက်(၁၀)နာရီက ပြည်တော်သာရပ်ကွက်ရှိ အုတ်သျှစ်ကုန်း မူလတန်းလွန်ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။