မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ မန္တလေးဇုန်(ဇုန်-၁) အားကစားပြိုင်ပွဲဘောလုံး(အမျိုးသား) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့တက်ရောက်
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ မန္တလေးဇုန်(ဇုန်-၁) အားကစားပြိုင်ပွဲ ဘောလုံး (အမျိုးသား)ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက အောင်မြေသာစံမြို့နယ်ရှိ အောင်မြေမန္တလာအားကစား ကွင်းတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ အထက်မြန်မာပြည်ရှိ ပညာရေးဒီဂရီကောလိပ်(၉)ခုမှကျောင်းအုပ်ကြီးများ၊ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူအားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြပြီး မကွေးပညာရေး ဒီဂရီကောလိပ်အသင်းနှင့် မိတ္ထီလာပညာရေး ဒီဂရီကောလိပ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးရာ မကွေးပညာရေး ဒီဂရီကောလိပ်အသင်းက တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။