မန္တလေးတိုင်းဒေသကြီး

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် မန္တလေးငလျင်ကြီးကြောင့် နေအိမ်များပျက်စီးဆုံးရှုံးခဲ့သော အိမ်ထောင်စုဝင်များအား ငွေကြေးနှင့်အိမ်ဆောက်ပစ္စည်းများပေးအပ်

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့နံနက် ၇ နာရီခွဲအချိန်က အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ ရွှေလွန်းကျေးရွာ ရတနာခန်းမ၌ အမရပူရမြို့နယ်အတွင်း ငလျင်ဘေးကြောင့် နေအိမ်များပျက်စီးဆုံးရှုံးခဲ့သော အိမ်ထောင်စုဝင်များအား ငွေကြေးနှင့်အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်၌ မဲရုံမှူး၊ဒုမဲရုံမှူးနှင့် ရပ်ကွက်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်များဆိုင်ရာ မွမ်းမံသင်တန်း (ပထမအကြိမ်)ဖွင့်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့်ရပ်ကွက်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်များဆိုင်ရာမွမ်းမံသင်တန်း (ပထမအကြိမ်)  ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က အထက(၁) ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ချမ်းအေးသာစံမြို့နယ်၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ ပညာပေးသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ချမ်းအေးသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ ပညာပေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ် အမှတ်(၁၄)အခြေခံပညာအထက်တန်းကျောင်းရှိ ပန်းမျိုးတစ်ရာခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်ကျော် ပျော်ဘွယ်မြို့နယ်တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင် လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲတက်ရောက်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်ကျော်သည် နိုဝင်ဘာလ ၂၂ ရက်၊ နံနက် ၉ နာရီက ပျော်ဘွယ်မြို့သို့ရောက်ရှိပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၌ မဲဆန္ဒရှင်စာရင်းများ ကြေညာထားမှု၊ မဲပေးစက်များ ရောက်ရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ လုပ်ငန်းလမ်းညွှန်သင်တန်း ဖွင့်ပွဲသို့ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုက‌ရေစီအ‌ထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ အမည်စာရင်းများ(ဒုတိယအကြိမ်) ကပ်ထားကြေညာလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောင်ပွဲကျင်းပနိုင်ရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ အမည်စာရင်းများကို (ဒုတိယအကြိမ်) ရပ်ကွပ်/ ကျေးရွာအုပ်စုများရှိ ကော်မရှင်အဖွဲ့ခွဲရုံးများတွင်ကြေညာထားကြောင်း သိရသည်။

ကျောက်ပန်တောင်းမြို့နယ်၌ ဒုတိယအကြိမ် မဲစာရင်းများ ကပ်ထားကြေညာမှုအား မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်များစာရင်းကို ပထမအကြိမ် ကြေညာပြီးသည့်နောက် ယခု ဒုတိယအကြိမ် မဲစာရင်းများ ကြေညာခြင်းကို၊ နိုဝင်ဘာ ၂၁ ရက်နေ့ နံနက်(၉)နာရီကစတင်၍ ရပ်ကွက်၊ကျေးရွာအုပ်စုအလိုက် သက်ဆိုင်ရာ မဲရုံအသီးသီးတွင် ကပ်ထားကြေညာလျက်ရှိရာ မြို့နယ်ရွေးကောက်ပွဲ ဆိုင်ရာလုံခြုံရေးနှင့်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်နှင့် ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများ၊  မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ညောင်ဦးမြို့နယ်၌ ဒုတိယအကြိမ်မဲစာရင်းများ ကပ်ထားကြေညာမှုအား ခရိုင်/မြို့နယ် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ အထွေထွရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်များစာရင်းကို ပထမအကြိမ် ကြေညာပြီးသည့်နောက် ယခုဒုတိယအကြိမ်မဲစာရင်းများ ကြေညာခြင်းကို ယမန်နေ့နံနက် ၉ နာရီကစတင်၍ ရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက် သက်ဆိုင်ရာ မဲရုံအသီးသီးတွင် ကပ်ထားကြေညာလျှက်ရှိရာ ခရိုင်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးနှင့်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကြေညာ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကြေညာမှုကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ မြို့ပေါ် (၁၈)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ကြေညာထားကြောင်း သိရသည်။

သာစည်မြို့ အ.ထ.က (၁) ၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရေး လူငယ်စကားဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြိုနယ်၌ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံလာစေရန်၊ အသိပညာဗဟုသုတများညာများ တိုးတက်လာစေရန်နှင့် လူအများရှေ့ စကားပြောဆိုရာတွင် ရဲဝံ့စွာပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ယမန်နေ့နေ့လယ် ၁ နာရီက သာစည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်သာမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကြေညာထား

မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်စုကော်မရှင်အဖွဲ့ခွဲ ရုံးများ၌  ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသည့် မဲန္ဒရှင်စာရင်းများကို နိုဝင်ဘာ၂၁ ရက်မှ စတင်၍ ဒုတိယအကြိမ်အဖြစ် ကြေညာထားကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး