မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်များစာရင်းကို ပထမအကြိမ် ကြေညာပြီးသည့်နောက် ယခု ဒုတိယအကြိမ် မဲစာရင်းများ ကြေညာခြင်းကို၊ နိုဝင်ဘာ ၂၁ ရက်နေ့ နံနက်(၉)နာရီကစတင်၍ ရပ်ကွက်၊ကျေးရွာအုပ်စုအလိုက် သက်ဆိုင်ရာ မဲရုံအသီးသီးတွင် ကပ်ထားကြေညာလျက်ရှိရာ မြို့နယ်ရွေးကောက်ပွဲ ဆိုင်ရာလုံခြုံရေးနှင့်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်နှင့် ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။