မန္တလေးတိုင်းဒေသကြီး

စဉ့်ကိုင်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများ လုပ်ငန်းလမ်းညွှန်မှု သင်တန်း (ဒုတိယအကြိမ်) ဖွင့်လှစ်ပို့ချ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှကြီးမှူး၍ မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများ၏ လုပ်ငန်းလမ်းညွှန်မှုသင်တန်းကို နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၉ နာရီက ရန်အောင်မြင်ရပ်ကွက်၊ မြသီတာပန်းခြံအတွင်းရှိ မြို့နယ်ခန်းမ၌ ဖွင့်လှစ်ပို့ချရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းကြူ၊ အတွင်းရေးမှူး မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးအောင်ဆန်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ မြို့နယ်ဥပဒေအရာရှိ ဦးတိုးတိုးအောင်၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဦး၊ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမ (၁၂၀) ဦး၊ စုစုပေါင်း (၁၃၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

မြစ်သားမြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် လုပ်ငန်းလမ်းညွှန်သင်တန်း(ဒုတိယအကြိမ်) ဆက်လက် ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ(ဒုတိယအကြိမ်) လုပ်ငန်းလမ်းညွှန်သင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အနော်ရထာခန်းမ၌ ကျင်းပခဲ့သည်။

မဟာအောင်မြေမြို့နယ်၊ ရတနာပုံခန်းမ၌ မန္တလေးမြို့မအပျော်တမ်းတူရိယာအသင်း နှစ်(၁၀၀) ပြည့် ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ

‎‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၊ ရတနာပုံခန်းမ၌ မန္တလေးမြို့မအပျော်တမ်းတူရိယာအသင်း နှစ် (၁၀၀) ပြည့် ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

မိတ္ထီလာအကျဉ်းထောင်မှ အကျဉ်းသား/ အကျဉ်းသူ ၁၁ ဦး လွတ်မြောက်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် အကျဉ်းဦးစီးဌာနမှ နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၉ နာရီတွင် နန်းတော်ကုန်းရပ်ကွက်ရှိ အကျဉ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် အကျဉ်းသား၊ အကျဉ်းသူ ၁၁ ဦး လွတ်မြောက်ခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့ Aureum Place Hotel & Resort ၌ မြန်မာ့ရိုးရာသိုင်းသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပုဂံရုံးခွဲမှ ကြီးမှူးဖွင့်လှစ်သည့် မြန်မာ့ရိုးရာသိုင်းသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ညောင်ဦးမြို့ Aureum Place Hotel & Resort ၌ နိုဝင်ဘာ ၂၇ ရက် နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

မြင်းခြံဗဟိုအကျဉ်းထောင်မှ အကျဉ်းသား/အကျဉ်းသူ (၃၀) ဦး လွတ်မြောက်

မန္တလေးတိုင်းဒေသကြီး မြင်းခြံဗဟိုအကျဉ်းထောင်အတွင်းရှိ အကျဉ်းသား/အကျဉ်းသူများအနက် အမျိုးသားကာကယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် အမိန့်အမှတ် (၁၀/၂၀၂၅) နှင့် (၁၁/၂၀၂၅) တို့ဖြင့် လွတ်မြောက်သွားသော အကျဉ်းသား/အကျဉ်းသူ (၃၀) ဦးအား လွတ်ပေးခြင်းကို ယနေ့နံနက် ၉ နာရီက မြင်းခြံဗဟိုအကျဉ်းထောင် အလုပ်ရုံခန်းမတွင် ပြုလုပ်ခဲ့သည်။

ဆေးတက္ကသိုလ်(မန္တလေး)၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် မိဘအုပ်ထိန်းသူ တွေ့ဆုံပွဲအခမ်းအနား ကျင်းပ

ဆေးပညာပထမနှစ်(၁၁/၂၀၂၅)၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် မိဘအုပ်ထိန်းသူတွေ့ဆုံပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ် ဆေးတက္ကသိုလ်(မန္တလေး)၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ညောင်ဦးအကျဉ်းထောင်မှ အကျဉ်းသား အကျဉ်းသူများအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသားနှင့်အကျဉ်းသူတို့အား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးပွဲကို ယနေ့နံနက် ၉ နာရီက ညောင်ဦးအကျဉ်းထောင်ဝင်းရှိ ဓမ္မာရုံ၌ပြုလုပ်ခဲ့ကြောင်းသိရဿည်။

မင်းရဲနှင့်တမုတ်ရေမြောင်းများမှ စိုက်ပျိုးရေပေးနေသည့်လယ်ယာမြေ(၁၈၃၃၃)ဧက ရေပြည့်ဝစွာပေးနိုင်ရေး မင်းရဲရေလွှဲဆည်ရှိ Automatic Falling Shutter များအား ပြန်လည်ပြုပြင်ပေး ရာနှုန်းပြည့် ပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မင်းရဲရေမြောင်းနှင့်တမုတ်ရေမြောင်းများမှ စိုက်ပျိုးရေပေးနေသည့် လယ်ယာမြေ (၁၈၃၃၃)ဧက ရေပြည့်ဝစွာပေးဝေနိုင်ရေး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မင်းရဲရေလွှဲဆည်ရှိ Automatic Falling Shutter များအား ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြန်လည်ပြုပြင်ပေးခဲ့ရာ လုပ်ငန်းများရာနှုန်းပြည့်ပြီးစီးကြောင်း သိရသည်။

နည်းပညာတက္ကသိုလ်(မိတ္ထီလာ)၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘွဲ့ကြိုအင်ဂျင်နီယာသင်တန်းများ စတင်ဖွင့်လှစ်သင်ကြား

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် နည်းပညာတက္ကသိုလ်(မိတ္ထီလာ)၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘွဲ့ကြိုအင်ဂျင်နီယာသင်တန်းများကို နိုဝင်ဘာလ ၂၄ ရက်နေ့မှ စတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး