မန္တလေးတိုင်းဒေသကြီး

ကျောက်ဆည်မြို့ အမှတ်(၆) အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဟောပြောပွဲများ၊ စာအုပ်ပြပွဲများ၊ နံရံကပ်စာစောင်ပြပွဲများ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၈ ရက်နေ့နံနက် ၉ နာရီက အမှတ်(၆)အခြေခံပညာ မူလတန်း(လွန်)ကျောင်းတွင်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းခွဲ၌ လူငယ်စကားဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းခွဲ၌ နိုဝင်ဘာ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီက လူငယ်စကားဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ် ထိပ်ကုန်းရပ်ကွက်အတွင်းရှိ ပြည်သူလူထုအား မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောသရုပ်ပြခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် မီးလောင်မီးလန့်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦး ဦးဆောင်၍ သန္ဓေဆယ်ဦး၊ အရန် ၂၀ ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ ပူးပေါင်းကာ ထိန်ကုန်းရပ်ကွက်အတွင်းရှိ ပြည်သူလူထုအား မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောသရုပ်ပြခြင်းနှင့်၊ စက်သုံးဆီဆိုင်များအား မီးဘေး လုံခြုံရေးအတွက်ကွင်းဆင်းစစ်ဆေးခြင်းများကို ယ‌မန်နေ့နံနက်ပိုင်းကစတင်၍ ဆောင်ရွက်ခဲ့သည်။  

မန္တလေးတိုင်းဒေသကြီးတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မန္တလေးတိုင်းဒေသကြီးအတွင်း အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ပြင်ဦးလွင်မြို့တွင်  ဖူဆယ်ဒိုင်လူကြီးသင်တန်းဆင်းပွဲ ကျင်းပ

၂၀၂၅ ခုနှစ်၊ ပြင်ဦးလွင်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြင်ဦးလွင်မြို့နယ် ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သော ဖူဆယ်ဒိုင်လူကြီး သင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲပိုင်း ၂ နာရီက ပြင်ဦးလွင်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အားကစားခန်းမဆောင် ၁ ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။   

ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းခွဲ၌ လူငယ်စကားဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ယနေ့ မွန်းလွဲ ၁ နာရီက လူငယ်စကားဝိုင်း ကျင်းပသည်။

ချမ်းအေးသာစံမြို့နယ်၌ ဒုတိယအကြိမ်မဲစာရင်းများအပေါ် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေး

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့်နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက် ဒုတိယအကြိမ်မဲစာရင်းများအပေါ် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းများကို ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ ယနေ့နံနက်ပိုင်းမှ စတင် ဆောင်ရွက်သည်။

အမရပူရမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စွမ်းရည်မြှင့်တင်ပြိုင်ပွဲများ ကျင်းပ

ကျောင်းသား၊ ကျောင်းသူလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက်  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စွမ်းရည်မြှင့်တင်ပြိုင်ပွဲများကို ယနေ့နံနက် ၁ဝ နာရီက အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

မဟာအောင်မြေမြို့နယ်၌ ယာယီနေရပ်စွန့်ခွာသူများ ကြိုတင်ဆန္ဒမဲ‌ပေးခြင်းဆောင်ရွက်

မဟာအောင်မြေမြို့နယ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ အခြားမဲဆန္ဒနယ်များတွင် နေထိုင်ခဲ့ပြီး လက်ရှိတွင်မဟာအောင်မြို့နယ်သို့အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေထိုင်ကြသူများမှ ပုံစံ (၁၅) ဖြင့် ကြိုတင်မဲဆောင်ရွက်ခြင်းကို နိုဝင်ဘာ ၂၅ ရက်နေ့မှစတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မဲရုံမှူး၊ ဒုတိယမဲရုံမှူး လုပ်ငန်းလမ်းညွှန်နှင့် မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်လှစ်လျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံအသီးသီးတွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူး တာဝန်ထမ်းဆောင်ကြမည့် ပညာရေးဝန်ထမ်းများအား လုပ်ငန်းလမ်းညွှန်နှင့် မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်လှစ်လျက်ရှိရာ၊ နိုဝင်ဘာ ၂၇ ရက်နေ့က ဒုတိယအသုတ်သင်တန်းကို သင်တန်းသား ဆရာ/ဆရာမ ၁၃၈ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး