ပြင်ဦးလွင်မြို့နယ်၌ မဲစာရင်းတွင်ပါဝင်နိုင်ရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၌ မဲစာရင်းများပြည့်စုံမှန်ကန်စေရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် တစ်အိမ်တက်ဆင်း (Door-to-door) မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။