လမ်းပန်းဆက်သွယ်ရေးဝန်ကြီး မြစ်သားမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်ပြည့်စုံမှုရှိနိုင်ရေး door to door စနစ်ဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေး
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးသည် ကျောက်ဆည်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်၊ မြစ်သားမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လိုက်ပါ၍ မြစ်သားမြို့နယ်အတွင်းရှိ ရေဝန်းကျေးရွာအုပ်စု၊ ရွာရှည်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာအုပ်စု၊ ကသဲကုန်းကျေးရွာအုပ်စု၊ လက်ပံဆိပ်ကျေးရွာအုပ်စုများနှင့် မြို့ပေါ်ဘူတာရပ်ကွက်ကြီးသို့ ဒီဇင်ဘာ ၃ ရက်နေ့ နံနက် ၁၂ နာရီခွဲက ပါတီစုံဒီမိုကရေစီအထွေထွေရွေးပွဲကောက်ပွဲ အပိုင်း (၃) တွင် မဲပေးနိုင်ရေးအတွက် မဲစာရင်းဆိုင်ရာမှန်ကန်ပြည့်စုံနိုင်ရေး (door to door) စနစ်ဖြင့် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်း ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။