ရန်ကုန်တိုင်းဒေသကြီး

လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ရန်ကုန်-ပုသိမ်လမ်းမကြီး နည်းပညာတက္ကသိုလ်ဝင်ပေါက်အနီး၌ ယာဥ်ကြောလမ်းများ မှန်ကန်စွာမောင်းနှင်စေရန် ကွင်းဆင်းဆောင်ရွက်

ယာဥ်အန္တရာယ်ဖြစ်ပွားမှုလျော့နည်းစေရန် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ယာဥ်ထိန်းရဲတပ်ဖွဲ့မှကြီးမှူး၍ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းစစ်ဆေးခြင်းနှင့် ယာဥ်လမ်းကြောများ မှန်ကန်စွာမောင်းနှင်စေရန် အရှိန်အဟုန်မြှင့်တင်ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၈) နာရီက ရန်ကုန်-ပုသိမ်လမ်းမကြီး နည်းပညာတက္ကသိုလ်ဝင်ပေါက်အနီးတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ကြသည်။

လှိုင်သာယာမြို့နယ်၌ မိသားစုဝင်‌ငွေတိုးရေး စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ရက် (၁၀၀) အတွင်း လုပ်ငန်းရှင် (၁၀၀) ပေါ်ထွက်လာ‌ရေးစီမံချက်အဖြစ် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီ အချိန်တွင်အမှတ် (၂၂) ရပ်ကွက်၊ လှိုင်သာယာမြို့နယ်၊ မေတ္တာသီတဂူမိန်းကလေး (ပရဟိတ) သီလရှင်ကျောင်းတိုက်တွင် ကျင်းပခဲ့သည်။

ရွှေပြည်သာမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် ရပ်ကွက်/ ကျေးရွာများအရောက် နိုင်ငံသားစိစစ်​ရေးကတ်များ ကွင်းဆင်းဆောင်ရွက်

‌ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦး‌သောင်းမိုးနှင့် ဝန်ထမ်းများသည် ရွှေပြည်သာမြို့နယ်ရှိ အမှတ် (၂) ရပ်ကွက်၌ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များကို ယနေ့နံနက်ပိုင်းမှစတင်၍ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လသာမြို့နယ်၌ နွေရာသီအခြေခံအင်္ဂလိပ်စာသင်တန်း အခမဲ့ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်၌ ကလေးငယ်များနှင့် လူငယ်များ နွေရာသီကာလအတွင်း အင်္ဂလိပ်စာအခြေခံကောင်းများ ရရှိစေရန်နှင့် ကျောင်းသင်ခန်းစာများကို ပိုမိုနားလည်သဘောပေါက်နိုင်စေရန်ရည်ရွယ်၍ နွေရာသီ အခြေခံအင်္ဂလိပ်စာသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ကမာရွတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တွံတေးမြို့နယ်တွင် ပုံဆွဲဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက် အားလပ်ရက်တွင်အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ ပုံဆွဲဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများကို ယနေ့ နံနက်က လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နွေစပါးစံကွက်ရိတ်သိမ်းပွဲ၊ မိုးစပါးအတွက် မျိုးစပါး၊ ဓါတ်မြေသြဇာ၊ တိုက်ရိုက်အစေ့ချကိရိယာ (Seeder) နှင့် (၂) ချပ်တွဲဆိုလာထောက်ပံ့ပေးအပ်ပွဲအခမ်းအနား တက်ရောက်

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရေပေါ်သောင်ကျေးရွာအုပ်စု၊ ရေပေါ်သောင်ကျေးရွာတွင် ယနေ့က နွေစပါးစံကွက်ရိတ်သိမ်းပွဲ၊ မိုးစပါးအတွက် မျိုးစပါးနှင့် ဓါတ်မြေသြဇာပေးအပ်ခြင်း၊ တိုက်ရိုက်အစေ့ချကိရိယာ (Seeder) နှင့် (၂) ချပ်တွဲဆိုလာထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြရာအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။

သန်လျင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ တိုင်ရင်းဆေးဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသပေးခြင်း ဆောင်ရွက်

သန်လျင်ခရိုင် သန်လျင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝါဝါလင်း ဦးဆောင်၍ ဝန်ထမ်းများက ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ရေးအတွက် တိုင်ရင်းဆေးဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသပေးခြင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က သန်လျင်မြို့ရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဆောင်ရွက်ခဲ့ကြသည်။

လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအခမ်းအနား သုံးခွမြို့၌ ကျင်းပ

ရန်ကုန်တိုင်း​ဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး