မရမ်းကုန်းမြို့နယ်တွင် မြို့နယ်စာရေးဆရာအသင်း (Book Club) မှ “စကားလုံးများဖြင့် ကခုန်ခြင်း (စာတမ်း)” ခေါင်းစဥ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်းနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း (Book Club) တို့ ပူးပေါင်း၍ “စကားလုံးများဖြင့် ကခုန်ခြင်း (စာတမ်း)” ခေါင်းစဥ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဇွန် ၆ ရက်နေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။