လသာမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် Wi-Fi ကြိုးများ စနစ်တကျရှိစေရေး ပူးပေါင်းရှင်းလင်း ဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် မြို့ပြအလှတရားနှင့်လျှပ်စစ်ဘေးကင်း လုံခြုံမှုတိုးတက်လာစေရန်ရည်ရွယ်ပြီး မြို့နယ်အတွင်းရှိ လမ်းများ၌ Wi-Fi ကြိုးများအား စနစ်တကျဖြစ်အောင် ပြုပြင်ရှင်းလင်းရေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းအချိန်က ဆောင်ရွက်ခဲ့ကြသည်။