ရန်ကင်းမြို့နယ်၌နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

ရန်ကင်း မေ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ   နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်‌ပေးခြင်းနှင့် Biometric ကောက်ယူကာ UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁၂)ရပ်ကွက်နေပြည်သူများအား မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေး လျက်ရှိသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် သင်္ဃန်းကျွန်းခရိုင် လဝကဦးစီးမှူး ဦးရန်နိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းလတ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်ဝင်းအောင်တို့ကကြီးကြပ်၍ အသက်(၁၀နှစ်/၁၈နှစ်)နှင့်အထက် ရပ်ကွက်နေပြည်သူများအား မှတ်ပုံတင်ထုတ်ပေးခြင်း၊ ဟောင်းနွမ်းပျက်စီး မှတ်ပုံတင်များ အသစ်လဲလှယ်ပြုလုပ်ပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ရပြီးသူများအား UID ကတ်တစ်ပါတည်း ထုတ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။ နိုင်ငံတော် အစိုးရ၏ ရက်(၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric ကောက်ယူ၍ UID ကတ်ထုတ်‌ပေးခြင်းများကို သက်ဆိုင်ရာ ရပ်ကွက်များအလိုက် မြေပြင်ကွင်းဆင်း၍ ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)