ရှမ်းပြည်နယ်

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ အစားထိုးသီးနှံမျိုးစေ့၊ ပျိုးပင်နှင့် မြေဩဇာထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ အစားထိုး သီးနှံမျိုးစေ့၊ ပျိုးပင်နှင့် မြေဩဇာထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးရုံး၌ ကျင်းပသည်။

ရက် ၁၀၀ စီမံချက်ဖြင့် ရေစီးရေလာ ကောင်းမွန်ရေးဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ရက် ၁၀၀ စီမံချက်ဖြင့် နမ့်ယောင်းချောင်း ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုအား ယမန်နေ့က တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

မောက်မယ်မြို့နယ်၌ ဓမ္မကထိကတန့်ယန်းဆရာတော်သုခမိန္တ(စဝ်စုခမ်း)၏ တရားပွဲတော် ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ပရိယတ္တိပါဒကစာသင်တိုက်ကျောင်း၏ ဦးစီးပဓာန နာယကဆရာတော် မြို့နယ်သြဝါဒါစရိယဆရာတော်ဘဒ္ဒန္တစန္ဒိမာ(သာသနဓဇ ဓမ္မာစရိယ) သက်တော်(၉၀) သိက္ခာတော်(၇၀)ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိစျာပန သာဓုကိဋာနပူဇော်ပွဲတွင် ဇွန်လ ၁၂ ရက်နေ့ည ၇ နာရီက အဆိုပါကျောင်း၌ ဓမ္မကထိကတန့်ယန်းဆရာတော်(စဝ်စုခမ်း)တရားပွဲတော်၏ “သေခြင်းတရားငါးပါး” ခေါင်းစဉ်ဖြင့်(ရှမ်း/ဗမာ)နှစ်ဘာသာ တရားပွဲကျင်းပခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် (UID)ပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ နမ့်မော်ဆွမ့် အခြေခံပညာလယ်တန်းကျောင်း၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊မြို့နယ်ဦးစီးမှူးရုံး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနတို့ပူးပေါင်း၍ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်(UID)ပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်း ဧရာဆောင်ခန်းမတွင် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

မန်ကန်မြို့အခြေခံပညာအထက်တန်းကျောင်း၌အသိပညာပေးဟောပြော

ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင် မန်ကန်မြို့၌ မူးယစ်ဆေးဝါးအကြောင်း အသိပညာပေးဟောပြောပွဲကို ဇွန်(၁၂)ရက်က အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။

မက်မန်းမြို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန၏ နိုင်ငံတော်အစိုးရ၏  ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID  ထုတ်ပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဇွန် ၁၃ ရက်က ဆွတ်ဝိုးအုပ်စု၊ အောင်သံလွင်ကျေးရွာ၊ အ.ထ.က(ခွဲ) ကျောင်းတွင် ကွင်းဆင်းဆောင်ရွက်သည်။

ရှမ်းပြည်နယ် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးနှင့် လျှပ်စစ်စွမ်းအင် စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး နမ့်စန်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေနှင့် ပြည်နယ်လျှပ်စစ် စွမ်းအင် စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူးတို့သည် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါလျက် ယမန်နေ့ မွန်းလွဲ ၂ နာရီ တွင် ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် နမ့်စန်ကျေးရွာအုပ်စုရှိ ဝမ်ပုံရေလှောင်တမံသို့ရောက်ရှိခဲ့ရာ တာဝန်ရှိသူများက ရေလှောင်တမံစီမံကိန်းနှင့် ပတ်သက်၍ရှင်းလင်းတင်ပြခဲ့သည်။

ကျိုင်းတုံမြို့၌ မြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့တို့ ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပသည်။

မက်မန်းမြို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန၏ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့က ဆွတ်ဝိုးအုပ်စု၊ အောင်သံလွင်ကျေးရွာ၊ အ.ထ.က(ခွဲ) ကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

လားရှိုးမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန (၃၁) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်တွင် ကျရောက်မည့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန (၃၁) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲကို ဇွန်လ ၁၂ ရက်က ခုတင် (၅၀၀) ဆံ့ အထွေထွေရောဂါကု‌ပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်၌ ကျင်းပသည်။
Subscribe to ရှမ်းပြည်နယ်