ပင်လောင်းမြိုနယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ သစ်တောထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြိုနယ် သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ချင်းတွင်းခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။