ကျိုင်းတောင်းမြို့၌ မျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြစိုက်ခင်းများအတွက် မျိုးစေ့နှင့် ဓာတ်မြေသြဇာ ထောက်ပံ့ပေးအပ်
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ စိုက်ပျိုးရေးဦးစီးဌာန၌ ယနေ့နံနက် ၉ နာရီအချိန်တွင် ကျိုင်းတောင်းမြို့ရှိ မျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြစိုက်ခင်းများအတွက် မျိုးစေ့နှင့် ဓာတ်မြေသြဇာထောက်ပံ့ပေးအပ်ပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။