ရှမ်းပြည်နယ်

တာချီလိတ်မြို့ နိုင်ငံ့ဝန်ထမ်းဟောင်းများ (မြို့ပြ) အသင်း၏  (၁၀)နှစ်ပြည့်အထိမ်းအမှတ် အသင်းသားစုံညီ ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

‎‎ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ နိုင်ငံ့ဝန်ထမ်းဟောင်းများ(မြို့ပြ) အသင်း၏  (၁၀)နှစ်ပြည့် အထိမ်းအမှတ်အသင်းသားစုံညီ ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ဝမ်ကောင်းရပ်ကွက်ရှိ Happy Sense ခန်းမ၌ ကျင်းပပြုလုပ်သည်။

မိုင်းယန်းမြို့၌ ဒေသခံရှမ်းတိုင်းရင်းသားတို့၏ ရိုးရာဓလေ့ကျွဲခတ်ပြိုင်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်ရှိ ဒေသခံရှမ်းတိုင်းရင်းသားတို့၏ နှစ်စဉ်ကျင်းပလေ့ရှိသော ရိုးရာဓလေ့ကျွဲခတ်ပြိုင်ပွဲတော်ကို ဒီဇင်ဘာလ ၂၁ ရက် နံနက်ပိုင်းမှစတင်၍ (ကျွဲခတ်ကွင်း) မြို့နယ်အားကစားကွင်း၌ကျင်းပရာ ရပ်နီးရပ်ဝေးမှ လာရောက်လည်ပတ်သူများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

ကလောမြို့နယ်၌ မိုးစပါးအထွက်နှုန်း ပန်းတိုင်ရည်မှန်းချက်ပြည့်မီကျော်လွန်အောင်ဆောင်ရွက်နိုင်မှု (ဒုတိယဆု)ရရှိသည့် ဘုရားပျိုအသင်းအား တာဝန်ရှိသူများက ဆုများချီးမြှင့်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ဘုရားပျိုကျေးရွာ၌ မြန်မာ့သမဝါယမစတင်ခြင်း(၁၂၁)နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ မိုးစပါးအထွက်နှုန်း ပန်းတိုင်ရည်မှန်းချက်ပြည့်မီကျော်လွန်အောင် ဆောင်ရွက်နိုင်မှု(ဒုတိယ)ဆုရရှိသည့် ဘုရားပျိုစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းအား ယမန်နေ့ ၁၀ နာရီက တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့သည်။

မောက်မယ်မြို့နယ် ဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ပန်လန်းအခြေခံပညာမူလတန်းကျောင်း(နောင်ပီ)နှင့် နမ့်ယွန်းကျေးရွာအဝင်လမ်း ကျောက်ခင်းခြင်းလုပ်ငန်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမင်းသက်နိုင် ဦးဆောင်သော မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းပါဝင်သောအဖွဲ့သည် ယမန်နေ့နေ့လယ် ၁၂ နာရီက  ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

လစ်လပ်လျက်ရှိသည့် သံဃသမ္မုတိရသံဃာ့ကိုယ်စားလှယ် (၂)ပါးနေရာတို့အတွက် အစားထိုးရွေးချယ်ပွဲ အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်နှင့် မိုးနဲမြို့နယ်တို့တွင် လစ်လပ်လျက်ရှိသည့် သံဃသမ္မုတိရသံဃာ့ကိုယ်စားလှယ် (၂)ပါးနေရာတို့အတွက် အစားထိုးရွေးချယ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီခွဲက ကမ္မဋ္ဌာန်းကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

လဲချားမြို့နယ်၏ မဲဆန္ဒရှင်စာရင်း မှန်ကန်စေရေးပူးပေါင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊‌ လဲချားမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် (ဒုတိယ) အကြိမ် မဲဆန္ဒရှင်စာရင်းများကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ရာ (တတိယ) အကြိမ် မဲဆန္ဒရှင်စာရင်းထပ်မံကပ်ထားကြေညာခြင်းမပြုမီ မဲစာရင်းများ မှန်ကန်စေရေးအတွက် စစ်ဆေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပူး‌ပေါင်းဆောင်ရွက်လျက်ရှိပါသည်။

တောင်ကြီးမြို့၌၂၀၂၅ ခုနှစ်၊ ဖိတ်ခေါ် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ဖြူစိမ်းအားကစားပစ္စည်းဆိုင်တို့ ပူးပေါင်းကျင်းပသော ဒီဇင်ဘာလူထုအားကစားလှုပ်ရှာမှုအထိမ်းအမှတ် (အလွတ်တန်း) ကလပ်ပေါင်းစုံ အမျိုးသားဖူဆယ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဒီဇင်ဘာ ၂၀ ရက်နေ့ ညနေ ၂ နာရီက တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း ညောင်ရွှေမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရေကြီးရေလျှံမှုများ လျော့နည်းသက်သာစေရေးအတွက် ညောင်ရွှေမြို့နယ်အတွင်း ရေထိန်းတာပေါင် ကျိုးပေါက်ခြင်းလုပ်ငန်း၊ မြေထိန်းနံရံ ကျောက်စီခြင်းလုပ်ငန်း၊ စနစ်တကျလယ်ယာမြေဖော် ထုတ်ရေးလုပ်ငန်းများ၊ သာစည်ကန် သဲနုန်းတူးဖော်ရေး လုပ်ငန်းများအား ယမန်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးသည်။

မိုင်းပန်မြို့နယ် စဝ်ကောလီခန်းမ၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် စက်ကိုင်များ(မွမ်းမံ)သင်တန်း ပို့ချ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် စက်ကိုင်များ(မွမ်းမံ)သင်တန်းကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ မြို့နယ်စဝ်ကောလီခန်းမ၌ ယနေ့နံနက် (၉)နာရီခွဲက ကျင်းပသည်။

ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲကျင်းပ

ကိုယ်လက်လှုပ်ရှားအားကစား ကျန်းမာရေးလေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းဖြင့် တစ်ဦးတစ် ယောက်ချင်းစီမှသည် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်လာစေရေး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထု အားကစားလစုပေါင်းလူထုလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၂၀ ရက် နံနက် ၅ နာရီ ၄၅ မိနစ်က ကမ္ဘောဇဘဏ်ရှေ့တွင် စုရပ်ထား၍ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူ များ ပါဝင်ဆင်နွှဲခဲ့ကြသည်။
Subscribe to ရှမ်းပြည်နယ်