မန္တလေးငလျင်ဒဏ် ပြင်းထန်စွာခံစားခဲ့ရသည့် အင်းလေးဒေသအတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ
ပြီးခဲ့သည့် မတ်လ(၂၈)ရက်နေ့ နေ့လည်ပိုင်းက လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ဒဏ်ကြောင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်း ပြင်းထန်စွာထိခိုက်ပျက်စီးခဲ့ပြီး လူအသေအပျောက်များ ဖြစ်ပေါ်ခဲ့၍ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ကုသ ရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှ တာဝန်ရှိသူများသည် အရေးပေါ်ကုသရေးဆောင်ရွက် နိုင်ရန်အတွက် ယာယီဆေးရုံများနှင့် ဆေးပေးခန်းများဖွင့်လှစ်ခြင်း၊ အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် နယ်လှည့်ကုသရေးအဖွဲ့များ၊ တပ်မတော်ဆေးတပ်ဖွဲ့များ၊ အသိပညာပေးလုပ်ငန်းနှင့် ပိုးသတ်ဆေးဖြန်းအဖွဲ့များ၊ ပရဟိတကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များမှ နေရာအရောက် ကွင်း ဆင်းကုသခြင်းနှင့် အသိပညာ ပေးဆွေးနွေးခြင်း၊ ကာကွယ်ဆေးများတိုက်ကျွေးခြင်း၊ ပိုးသတ်ဆေး ဖြန်းခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။