ရှမ်းပြည်နယ်

ရပ်စောက်မြို့၌ ရှမ်းပြည်နယ် အမျိုးသမီးကော်မတီနှင့် ရှမ်းပြည်နယ် လူမှုဝန်ထမ်းရုံးတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ရှမ်းပြည်နယ် အမျိုးသမီးကော်မတီနှင့် ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံးတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ပန်ခေါက်ဝိုးကျေးရွာရှိတောင်သူများအား အသိပညာပေး ဆွေးနွေးပွဲပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့နယ်၊စိုက်ပျိုးရေးဦးစီးဌာနမှ ယမန်နေ့မွန်းလွဲပိုင်းအချိန်က ပန်ခေါက်ဝိုးကျေးရွာဘုန်းကြီးကျောင်းတွင် ကျေးရွာနေတောင် သူများအား စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် စိုက်ပျိုးရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ အသိပညာပေး ဟောပြောပွဲအားဆောင်ရွက်ခဲ့သည်။

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ပြုပြင်မွမ်းမံမှုလုပ်ငန်းများ အချိန်မီပြီးစီးရေး ကျွမ်းကျင်ပညာရှင်များ၊ စက်ယန္တယားကြီးများဖြင့် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား စံကျောင်းတော်နှင့် ရင်ပြင်တော်၊ ကရဝိတ်ဖောင်တော်တို့သည် မတ်လ(၂၈)ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး ဘုရားဖူးလာပြည်သူများ ထိခိုက်မှုများ မဖြစ်ပေါ်စေရေးအတွက် ဘုရာဂေါပကအဖွဲ့မှ စံကျောင်းတော်အတွင်း ဝင်ရောက်ဖူးမြော်ကြည်ညို ခွင့်ကို ယာယီရပ်နားထားခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့၌ စိုက်ပျိုးရေးကုန်ကြမ်းသီးနှံအခြေခံ၍ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခွဲက စိုက်ပျိုးရေးကုန်ကြမ်းသီးနှံအခြေခံ၍ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

အင်းလေးဒေသအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

၂၀၂၅ ခုနှစ်၊ မတ်လ(၂၈)ရက်နေ့ နေ့လယ်ပိုင်းက လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မန္တလေးငလျင်ဒဏ်ကြောင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်းရှိ သာသနိကအဆောက် အအုံများ၊ စာသင်ကျောင်းများ၊ လူနေအိမ်များ ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး လူအသေအပျောက်ရှိခဲ့ကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဟိုပုံးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။

တန့်ယန်းမြို့နယ်၌ မြို့နယ်ရဲတပ်ဖွဲ့မိသားစုများ၏ သားသမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့မိသားစုများ၏ သား၊ သမီးများအား ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်ရုံး၌ ကျင်းပခဲ့သည်။

မိုင်းဆတ်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း (မိုင်းဆတ်)၊ မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှု‌‌ရေးဝန်ကြီး ကလောမြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနား တက်ရောက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း‌ တေဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး၊ ကလောတပ်နယ် စစ်ဦးစီးတက္ကသိုလ်ကျောင်းအုပ်ကြီး၊ က‌လောခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့သည်။

ရပ်စောက်၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေး ရက်သတ္တပတ်အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ပညာရေးဌာနအနေဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေး ရက်သတ္တပတ်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ရပ်စောက်) ကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်