ရှမ်းပြည်နယ်

နမ့်စန်တွင်  ရပ်ကွက်နှင့်ကျေးရွာပေါင်းစုံ  အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ရှုံးထွက်(ကွားတားဖိုင်နယ်)ပွဲစဉ်များ ပြီးဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်ခရိုင် နမ့်စန်မြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာပေါင်းစုံ  အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲကို စက်တင်ဘာ  ၁၅ ရက်မှစတင်၍ကျင်းပလျက်ရှိရာ ယမန်နေ့ညနေပိုင်းက ရှုံးထွက်(ကွာတားဖိုင်နယ်)နောက်ဆုံးပွဲစဉ်ကို မြို့နယ်ကျောက်တိုင် အားကစားကွင်း၌ ဆက်လက်ကျင်းပခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၇) ရက်တိုင်တိုင် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ ကျင်းပ

တောင်ကြီးမြို့ကျက်သရေဆောင် စူဠာမုနိလောကချမ်းသာစေတီတော်ကြီး၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၇) ရက်တိုင်တိုင် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲကို အောက်တိုဘာ၁၂ရက် နံနက် (၆) နာရီခွဲက တောင်ကြီးမြို့၊ စူဠာမုနိလောကချမ်းသာစေတီတော်ဓမ္မာရုံ၌ ကျင်းပသည်။

၂၀၂၅ ခုနှစ်၊ ရှမ်းပြည်နယ်၊ ပထမအကြိမ် ဝူရှူး(ထောက်လု)ဖိတ်ခေါ်ပြိုင်ပွဲဆုချီးမြှင့်ပွဲ ကျင်းပ

တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် ဝူရှူးပြိုင်ပွဲကျင်းပပြုလုပ်နိုင်ခြင်းမရှိသည့်အချိန်တွင် အားကစားသမားများအတွေ့အကြုံကောင်းများရရှိစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ပထမအကြိမ်ဝူရှူး(ထောက်လု)ဖိတ်ခေါ်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲကို အောက်တိုဘာ ၁၀ ရက်နေ့ နံနက် ၈ နာရီက  တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်သယံဇာတ ရေးရာ ဝန်ကြီးဦးစိုင်းလိတ်၊ ပြည်နယ်/ခရိုင်/မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဝူရှူး(ထောက်လု)အဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

မြန်မာ့အီလက်ထရောနစ်မဲပေးစက် (MEVM) စနစ်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာ့အီလက်ထရောနစ်မဲပေးစက်(MEVM)အကြောင်း အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်၊ မောက်ကိုဆွဲ့ခန်းမ(၂)တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း ဆီဆိုင်မြို့နယ် အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၅) သင်တန်းဆင်းပွဲ တက်ရောက်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း(ဆိုက်ခေါင်)တွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ် (၅) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင် စံပြကျေးရွာရှိ အဆိုပါသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသား ရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးတို့ တက်ရောက်ခဲ့သည်။

ကျိုင်းတုံမြို့၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၉)သင်တန်းဆင်း

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ကျိုင်းတုံ)၏ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၉)သင်တန်းဆင်းပွဲကို ယမန်နေ့က အဆိုပါကျောင်းခန်းမ၌ ကျင်းပသည်။

ကျိုင်းလပ်မြို့၌ မိုးစပါးဆင်ဧကရီ ၃ တင်း(၁၀၀)အထက် ထွက်ရှိရေး စံပြစိုက်ခင်းစံကွက်ရိတ်သိမ်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ၂၀၂၅-၂၀၂၆ မိုးစပါး တင်း(၁၀၀) အထက်ထွက်ရှိရေး စံပြစိုက်ခင်း စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက်ပိုင်းက မိုင်းပါလျှိုးအုပ်စု၊ နမ့်ကိုင်းကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ မိုးနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်းစားသုံးဆီ ဖူလုံပိုလျှံစေရန်နှင့် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသခံတောင်သူများက ဆီထွက်သီးနှံမိုးနေကြာ သီးနှံများကိုစိုက်ပျိုးခဲ့ရာ ယခုအခါမိုးနေကြာသီးနှံစိုက်ခင်းများမှာ အသီးအပွင့်များ ဝေဆာကာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မကြာမီရိတ်သိမ်းရတော့မည်ဖြစ်ကြောင်း သိရသည်။ 

ဆီဆိုင်မြို့၌ မဲဆန္ဒရှင်စာရင်းလာရောက်ကြည့်ရှုသည့် ပြည်သူများအား (MEVM) ဖြင့်  မဲပေးနည်း အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ်အဖြစ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာပေး လျက်ရှိရာ လာရောက်ကြည့်ရှုကြသည့် ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)ဖြင့် မဲပေးနည်း အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက အောင်ချမ်းသာရပ်ကွက်ရှိခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ် ကတ်ထိုက်-လွယ်ပန်တောင်း-အင်ဂိုလုံ ကျေးရွာမြေလမ်းဆောင်ရွက်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား စဉ်ဆက်မပြတ် အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု) ရန်ပုံငွေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက်- လွယ်ပန်တောင်း- အင်ဂိုလုံ မြေလမ်း ၃၃/၅ မိုင်ပေါ်တွင် ၀/၄ မိုင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေ အား အောက်တိုဘာ ၈ ရက်က ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ(ကျိုင်းတုံ)မှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်