ရှမ်းပြည်နယ်

ကလောမြို့နယ် မြေခြားကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်လုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့်အဖွဲ့ဝင်များသည် အောက်တိုဘာ ၂၄ ရက် နံနက် ၉ နာရီက နောင်ရဲကျေးရွာအုပ်စု မြေခြားဘုန်းတော်ကြီး၌ ကျန်းမာရေးစောင့်ရှောက်လုပ်ငန်းများကွင်းဆင်းဆောင်ရွက်သည်။

အင်းလေးဒေသရှိ  မန္တလေးငလျင်ဒဏ်သင့်နေအိမ်များအတွက် ပစ္စည်းဖိုးငွေများပေးအပ်

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အင်းလေးဒေသအတွင်းရှိ နေအိမ်များ ပြန် လည်ပြုပြင်နိုင်ရေးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုကော်မတီမှ ပစ္စည်းတန်ဖိုးငွေများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာ(၂၆)ရက် နံနက်(၁၀)နာရီက ညောင်ရွှေမြို့နယ် အင်းလေးဒေသ ကေလာကျေးရွာအုပ်စု ဇရပ်ကြီးကျေးရွာအခြေခံပညာမူလတန်းကျောင်း၌ ပြုလုပ်သည်။

ဆီဆိုင်ဒေသဖွံ့ဖြိုးရေး လမ်း၊ တံတား တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိ

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေကျပ် ၅၉ ဒသမ ၇ သန်းဖြင့် ထက်ဓနအောင်ကုမ္ပဏီမှ ဆောင်ရွက်သည့်  မိုက်တီး-နောင်ဘို လမ်းပေါ်ရှိ အရှည် ပေ (၂၀) ၊  သံကူကွန်ကရစ်ကြမ်းခင်း တံတားတစ်စင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေကျပ် ၂၂၇ ဒသမ ၇ သန်းဖြင့် ပြည့်ကောင်းကုမ္မဏီမှ ဆောင်ရွက်သည့် မကောက်(နောက်)-နောင်လိတ်-ကွန်မွန်း-ဖာလိုင်-ပန်ကန်းလေး-KFW(လမ်းခွဲ) လမ်းပေါ်ရှိ အရှည်ပေ ၄၀ သံပေါင်၊ သံကူကွန်ကရစ် တံတားတစ်စင်းနှင့် ပြည်ထောင်စုရန်ပုံငွေကျပ်သန်း ၃၅၀ ဖြင့် ကုန်းဆွတ်-လာဇရူး-တောင်သာ-တရောက်-ဖာလိုင် လမ်းပေါ်ရှိ အရှည်ပေ ၂၀၀ သံကူကွန်ကရစ် တံတား(ပထမပိုင်း)တည်ဆောက်နေမှုတို့ကို    အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းတွင် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း ဆေးလိပ်ငွေ့ကင်းစင် အင်းလေးတခွင် အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူပွဲ တက်ရောက်

ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဆောင်ရွက်သည့် ဆေးလိပ်ငွေ့ကင်းစင် အင်းလေတခွင် မြေစိုက်ပိုစတာစိုက်ထူပွဲကို ယနေ့နံနက် ၉ နာရီက ညောင်ရွှေမြို့နယ် တိလောကျေးရွာအုပ်စု ရွှေရန်ပြေကျေးရွာအနီးရှိ ညောင်ရွှေ- ရွှေညောင် ကားလမ်းမ၌ပြုလုပ်ခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ်၌ ပန်းခင်းစီမံချက် အဆင့်-၃ကွင်းဆင်းဆောင်ရွက်

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နောင်ချိုမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် အဆင့်-၃ ဖြင့် အောက်တိုဘာ ၂၅ရက်က အထက(၁) ၌ ဇီဝအချက်အလက်များကောက်ယူ၍ e-ID ကတ်များ ဆောင်ရွက်သည်။

နောင်ချိုမြို့နယ်၌ မြို့လုံးကျွတ်အန္တရာယ်ကင်း ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ပွဲကျင်းပ

ရှမ်းပြည်နယ်​(မြောက်ပိုင်း)နောင်ချိုမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့လုံးကျွတ်အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့ ညနေ (၃)နာရီအချိန်က နောင်ချိုမြို့ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့၌ လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများ သင်တန်းအမှတ်စဉ်(၁၁/၂၀၂၅)ဖွင့်ပွဲကျင်းပ

ရှမ်းပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာနကကြီးမှူး၍ လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများ သင်တန်းအမှတ်စဉ် (၁၁/၂၀၂၅) သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီအချိန်က  တောင်ကြီးမြို့၊ UCT Hotel ခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်တွင် ၂ဝ၂၅-၂ဝ၂၆ ခုနှစ်၊ မိုးစပါး(အောင်နိုင်တိုး)မျိုးသန့်ပွားစိုက်ခင်း စံကွက်ရိတ်သိမ်းခြင်း အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာနတို့ ပူးပေါင်း၍ ၂ဝ၂၅-၂ဝ၂၆ ခုနှစ်၊ မိုးစပါး(အောင်နိုင်တိုး) မျိုးသန့်ပွားစိုက်ခင်း စံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကို ယမန်နေ့က ယန်းလောကျေးရွာအုပ်စု၊ တောင်သူဦးစိုင်းယီတစ်၏ လယ်မြေတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကလောမြို့၌ ရှမ်းပြည်နယ်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

ကျောင်းသား/ကျောင်းသူများ စာအုပ်/စာပေများနှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာကြည့်တိုက်ယဉ်ကျေးမှုထွန်းကားလာစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီက ကလောမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမ၌ ကျင်းပသည်။

မျိုးဆက်သစ်တိုက်ကွမ်ဒိုအားကစားသမားများ မွေးထုတ်ပေးနိုင်ရန် JN 25  TAEKWON DO CLUB ဖွင့်လှစ်

မျိုးဆက်သစ်တိုက်ကွမ်ဒိုအားကစားသမားများ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ကာ JN 25 TAEKWON DO CLUB ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊သင်္ဃန်းကျွန်းမြို့နယ်၊ ဦးဘစံလမ်းရှိ The Zawana Badminton & Sport Arena ၌ကျင်းပပြုလုပ်သည်။
Subscribe to ရှမ်းပြည်နယ်