ရခိုင်ပြည်နယ်ဝန်ကြီးချုပ် မြောက်ဦးဆရာတော်ကြီး၏ ဓမ္မပူဇာသဘင် တက်ရောက်ပူဇော် ၊ Quick Win အစီအစဉ်ဖြင့်ဆောင်ရွက်နေသော ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းစစ်ဆေး
ရက္ခပူရဗုဒ္ဓတက္ကသိုလ်နှင့် မြောက်ဦးဓမ္မစင်တာ၏ အဓိပဓိပြည်တွင်း၊ ပြည်ပသာသနာပြုဓမ္မကထိက၊ ရတနာမာရ်အောင်တောရ ဓမ္မရိပ်သာများ၏ ဦးစီးပဓာနနာယကချုပ် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မြောက်ဦးဆရာတော် ဝနဝါသီအရှင်ဝါယာမိန္ဒ၏ ဓမ္မပူဇာသဘင်အခမ်းအနားကို ဇန်နဝါရီ ၂၈ ရက် ညနေပိုင်းက စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပသည်။