ရခိုင်ပြည်နယ်

အမ်းမြို့နယ်၌ ယာဉ်မတော်တဆမှုလျော့နည်းစေရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ လိုက်နာမောင်းနှင်သွားလာနိုင်စေရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်အတွင်း ယာဉ်မတော်တဆမှုများလျော့နည်းစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ လိုက်နာမောင်းနှင်သွားလာနိုင်စေရေးအတွက် အသိပညာပေးဟောပြောခြင်းကို ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က အထက(၁) ပညာရတနာခန်းမ၌ ပြုလုပ်ခဲ့သည်။

ဘူးသီးတောင်မြို့၌ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များစုပေါင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က အမှတ်(၇)ရပ်ကွက်ရှိ အများပြည်သူအသုံးပြုလျက်ရှိသော ရေတွင်းအား စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။

ပေါက်တောမြို့တွင် စာဖတ်ရှိန် မြှင့်တင်ရေးအတွက် စာဖတ်သူများထံသို့ စာအုပ်များ အခမဲ့ ငှားရမ်းပေး

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်၊ စာငှားသူများ အဆင်ပြေစေရေးနှင့် စာပေဖတ်ရှုမှု မြင့်မားရေးအတွက် ယနေ့ ညနေပိုင်းက ပေါက်တောမြို့ရှိ ဦးမြဝါပန်းခြံတွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင် ပုံမှန်ငှားရမ်းပေးသည်။

အမ်းမြို့နယ်၌ နေရပ်ပြန်မည့် တိုက်ပွဲရှောင်ပြည်သူများသို့ ထောက်ပံ့ငွေနှင့် ပစ္စည်းများထောက်ပံ့ပေး အပ်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ တိုက်ပွဲရှောင်စခန်း/စုရပ်များရှိနေရပ်ပြန်မည့် တိုက်ပွဲရှောင်ပြည်သူများသို့ ထောက်ပံ့ငွေနှင့် ပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

သံတွဲမြို့၌ Mobile Library မော်တော်ယာဉ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊ စာစောင်များ ကွင်းဆင်းငှားရမ်းပေး

သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ပြည်သူများ စာအုပ်စာပေများကို လေ့လာဖတ်ရှုသည့် အလေ့အထကောင်းများဖြစ်ပေါ်လာစေပြီး အသိပညာဗဟုသုတများ တိုးပွားလာစေရေးအတွက် ယနေ့နေ့လယ် ၁၂ နာရီက Mobile Library မော်တော်ယာဉ်ဖြင့် သံတွဲခရိုင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသို့ သွားရောက်ပြီး ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ သုတ/ရသ စာအုပ်များကို ငှားရမ်းပေးခဲ့သည်။

ကျောက်ဖြူပညာရေးဒီဂရီကောလိပ်၌ တိုင်းရင်းသားဘာသာစကားသင် ဆရာ/ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ (ပထမအသုတ်) ဖွင့်ပွဲအခမ်းအနားကျင်းပ

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်၌ တိုင်းရင်းသားဘာသာစကားသင် ဆရာ/ဆရာမများအတွက် အရည်အသွေးမြှင့်အထောက်အကူပြု ဆွေးနွေးပွဲ (ပထမအသုတ်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါဒီဂရီကောလိပ်ရှိ ပညာတန်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ် ကြီးနှင့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။

စာပေချစ်မြတ်နိုးသူများထံသို့ လက်ဝယ်အရောက်  Mobile စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်း ဆောင်ရွက်

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန် မြှင့်တင်နိုင်ရေးအတွက် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စာပေချစ်မြတ်နိုးသူ ပြည်သူများသို့ စာအုပ်စာစောင်ကို အလွယ်တကူ ဖတ်ရှုနိုင်ရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ  Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပြည်တွင်းအခွန်များ ဦးစီးဌာနသို့ သွားရောက်ပြီး အခမဲ့ ငှားရမ်းပေးကြသည်။

အမ်းမြို့နယ်၌ ယာဉ်မတော်တဆမှု လျော့နည်းစေရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် အညီ လိုက်နာမောင်းနှင်သွားလာနိုင်စေရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်အတွင်း  ယာဉ်မတော်တဆမှုများ လျော့နည်းစေရေးအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်အညီ လိုက်နာမောင်းနှင် သွားလာနိုင်စေရေး အတွက် အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ ညနေ (၃)နာရီအချိန်က အထက(၁) ပညာရတနာခန်းမ၌ ပြုလုပ်ခဲ့​သည်။

ကျိန္တလီမြို့၌ Pilot Project စီမံချက်ဖြင့် မြေပြင်လူဦးရေစာရင်း ပြည့်စုံမှန်ကန်ရေး ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် Pilot Project စီမံချက်ဖြင့် မြေပြင်လူဦးရေစာရင်း ပြည့်စုံမှန်ကန်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်မှ စတင်ကာ ကျိန္တလီမြို့ပေါ်ရပ်ကွက် (၃) ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သံတွဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်းကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ဝန်ထမ်းများနှင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီက အဆိုပါ အဆောက်အဦအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်