အမ်း နိုဝင်ဘာ ၁၀
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်အတွင်း ယာဉ်မတော်တဆမှုများ လျော့နည်းစေရေး အတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်အညီ လိုက်နာမောင်းနှင် သွားလာနိုင်စေရေး အတွက် အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ ညနေ (၃)နာရီအချိန်က အထက(၁) ပညာရတနာခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် မြို့မရဲစခန်းမှဒုရဲမှူး မျိုးကြည်၊ အမ်းယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှ ဒုရဲအုပ် သန့်ဇင်ဦးတို့က ဆရာ/ဆရာမများ၊ ကျောင်းသူ ကျောင်းသားများအား မှုခင်း ကျဆင်းရေးအတွက် မော်တော်ကားနှင့် မော်တော်ဆိုင်ကယ်များကို စီးနှင်းသူများ လိုက်နာရန် စည်းကမ်းများ၊ ခြေလျင်သွားလာသူများ၊ လမ်းဖြတ်ကူးသူများအနေဖြင့် လိုက်နာရမည့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ ယာဉ်အန္တရာယ် ကင်းဝေးစေရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ဟောပြောပွဲသို့ တက်ရောက်လာသည့် ဆရာ၊ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား ယာဉ်အန္တရာယ် ကင်းဝေးရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စိုးမင်းထွန်း (ပြန်/ဆက်)