ဂွမြို့နယ်တွင် ဆီထွက်သီးနှံနှင့် ပဲမျိုးစုံစိုက် တောင်သူများအား ယူရီးယားဓာတ်မြေဩဇာများ ဈေးနှုန်းချိုသာစွာရောင်းချပေး
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ၂၀၂၂-ခုနှစ် ဆီထွက်သီးနှံနှင့် ပဲမျိုးစုံစိုက် တောင်သူများအား ယူရီးယားဓာတ်မြေဩဇာ ၅၀ကီလို တစ်အိတ်လျှင်(၃၈၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးသည့်အခမ်းအနားအစီအစဥ်ကို ယမန်နေ့နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။