ရမ်းဗြဲ နိုဝင်ဘာ ၁၅
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် ယနေ့မွန်းလွဲ ၁ နာရီအချိန်က Book Club အဖွဲ့ဝင်များနှင့် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နတ်သျှင်(ရွှေဂူ) ရေးသားသည့် “လူငယ်များကိုပျိုးထောင်ပေးပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အောင်တင်ကြည်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး နတ်သျှင်(ရွှေဂူ)ရေးသားသည့် “လူငယ်များကို ပျိုးထောင်ပေးပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကိုဆက်လက်ပြုလုပ်ကြရာ Book Club အဖွဲ့ဝင်များဖြစ်ကြသည့် ဂုဏ်ထူးကျော်ကိုယ်ပိုင်အထက်တန်းအဆင့်သင်ကျောင်းမှ ကျောင်းသား/ကျောင်းသူများဖြစ်ကြသော မနှင်းအိအိငြိမ်းနှင့် မမြနှင်းထွေးတို့မှ ဖတ်ကြားပေးကြသည်။
၎င်းဖတ်ကြားဆွေးနွေးမှုများအပေါ်တွင် Book Club အဖွဲ့ဝင်များက သိရှိလိုသည်များကို အပြန်အလှန်ဝိုင်းဝန်းဆွေးနွေးကြရာ ဆွေးနွေးမှုများအပေါ်တွင် အားနည်းချက်အားသာချက်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အောင်တင်ကြည်တို့က ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။
အောင်နိုင်