မြေပုံမြို့နယ်၌ APTERR- Tire-3 အစီအစဉ်အရ ဂျပန်နိုင်ငံမှလှူဒါန်းသော ဆန်များအား ကိုဗစ်-၁၉ရောဂါ(ဒုတိယလှိုင်း)ကူးစက်ခံရသူများသို့ထောက်ပံ့ ပေးအပ်ပွဲပြုလုပ်

မြေပုံ နိုဝင်ဘာ ၁၅

ရခိုင်ပြည်နယ်၊  မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါ(ဒုတိယလှိုင်း)ကြောင့် ရောဂါကူးစက်ခံရသူများအား APTERR- Tire-3 အစီအစဉ်အရ ဂျပန်နိုင်ငံမှလှူဒါန်းသော ဆန်များ ထောက်ပံ့ပေးအပ်ပွဲကို  ယမန်နေ့ညနေ(၂)နာရီအချိန်တွင်  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန   အစည်း အဝေးခန်းမ၌ပြုလုပ်သည်။

ဆန်လှူဒါန်းပွဲသို့ မြေပုံမြို့နယ် မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးစိုးမြင့်အောင်ကတက်ရောက်အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းအေးခိုင်မှ ဆန်လှူဒါန်းရရှိသည့် အကြောင်းအရင်းများ ပြောကြားရာတွင် ကိုဗစ်-၁၉ရောဂါ(ဒုတိယလှိုင်း)ကြောင့်  မိမိတို့မြို့နယ်၌  ရောဂါကူးစက်ခံရသူစုစု ပေါင်း(၉၄) ဦးရှိပါကြောင်း၊  APTERR- Tire-3  အစီအစဉ်အရ  ဂျပန်နိုင်ငံမှ လှူဒါန်းသော  ဆန်များခွဲဝေရာ၌ တစ်ဦးလျှင်(၇)ကီလိုနှုန်းဖြင့်ရရှိ၍ ပေးအပ်ခြင်းဖြစ်ကြောင်း၊ ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသူများအား ဆန်(၁)ကီလိုလျှင်(၉၀၀) ကျပ်နှုန်းဖြင့်  တစ်ဦးလျှင်ငွေကျပ် (၆၃၀၀)ကျပ်စီ လှူဒါန်းထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

တင်ဝင်း