ပေါက်တောမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ "လူငယ်နှင့်စည်းကမ်း" ခေါင်းစဥ်ဖြင့် အသိပညာပေး (Talk Show) ပြုလုပ်
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူလူထုများအတွက် အသိပညာ ဗဟုသုတပေးခြင်း အစီအစဉ်များကို စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နေ့လယ်ပိုင်းတွင် "လူငယ်နှင့်စည်းကမ်း" ခေါင်းစဉ်ဖြင့် အသိပညာပေး (Talk Show ) ဆောင်ရွက်ခြင်း အစီအစဉ်ကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြုလုပ်သည်။