ကျောက်ဖြူမြို့ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြော
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် အမှတ်(၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းနှင့် ငလပွေ့ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းသို့သွားရောက်ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်သည်။